(Unicode)

ဒီနှစ်မိုးရာသီမှာ အဖြစ်အများဆုံး ရာသီပေါ်ရောဂါတစ်မျိုးကတော့ ဆင်တုပ်ကွေးပဲဖြစ်ပါတယ်။ ဆင်တုပ်ကွေးရောဂါ ခံစားရတဲ့ အချို့လူနာတွေက တစ်ပတ်အတွင်း ပျောက်ကင်းပေမယ့် ခုခံအားနည်းသူများကတော့ တစ်လကြာလည်း မပျောက် နှစ်လကြာလည်း မပျောက် ဖြစ်နေတတ်ပါတယ်။ အဖျားပျောက်သွားပေမယ့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းကြောင့် ကိုယ်လက်မသယ်ချင် ဖြစ်နေတတ်ပါတယ်။

ဒါဆိုရင် ကိုယ်ခံစွမ်းအားမြင့်မားပြီး ရောဂါဒဏ်ကို တွန်းလှန်နိုင်ဖို့အတွက် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်များက အစာချေဖျက်ရလွယ်ကူပြီး ကယ်လိုရီများလည်း နည်းပါးစွာပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်များမှာ ဗီတာမင် အေဓာတ် ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးသလို အရိုးကျန်းမာကြံ့ခိုင်ဖို့အတွက်လည်း ကူညီပေးပါတယ်။

ဒါ့အပြင် ဟင်းရွက်ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ကတော့ နာမကျန်းဖြစ်ပြီးချိန်မှာ အားအင်ပြည်လည်ပြည့်ဝလာအောင် ကူညီပေးပါတယ်။

ပန်းသီးနှင့် ငှက်ပျောသီး

ဆင်တုပ်ကွေးရောဂါ ခံစားနေရချိန်ရော ပြန်လည်သက်သာချိန်မှာ အချဉ်ဓာတ်ကြွယ်ဝတဲ့ လိမ္မော်သီး၊ ဖရဲသီး စတဲ့ သစ်သီးများ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပြီး ပန်းသီးနှင့် ငှက်ပျောသီးကိုသာ စွဲစွဲမြဲမြဲစားသုံးသင့်ပါတယ်။

ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကို သန့်စင်ပေးကာ ကိုယ်လက်စတောများ တက်မလာအောင် ကူညီပေးပါတယ်။ ငှက်ပျောသီးရဲ့ အမျှင်ဓာတ်ကတော့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်းကို သန့်စင်ပေးပါတယ်။

ဗီတာမင်စီနှင့် ဗီတာမင် အီးဓာတ် ကြွယ်ဝတဲ့ အစားအစာများ

ဗီတာမင်စီက အနာကျက်မြန်အောင် ကူညီပေးပြီး ကြွက်သားများကို အားအင်ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဗီတာမင်အီးကတော့ ကျန်းမာရေးကောင်းမွန်စေရုံသာမက အသားအရေ အပြစ်အနာအဆာကင်းအောင်၊ နှလုံးရောဂါ မခံစားရအောင် ကူညီပေးတဲ့အပြင် အဆစ်အမြစ်နာကျင်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ဗီတာမင်စီနှင့် ဗီတာမင်အီးဓာတ် ကြွယ်ဝတဲ့အစားအစာတွေကတော့ မာလကာသီး၊ အဝါရောင် ငရုတ်ပွ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး စတဲ့ အစားအစာများ၊ ဘယ်ရီသီးများ၊ မြေပဲများ၊ ဂျုံနှင့် သဘာဝအဆီဓာတ်တို့ကို မှီဝဲစားသုံးပေးလိုက်ပါ။

အရည်များများသောက်ပါ

မာတဲ့အစားအစာတွေထက်စာရင် ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် စတဲ့ အရည်များများပါတဲ့ ပျော့တဲ့အစားအစာတွေကို စားသုံးသင့်ပါတယ်။

အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝတဲ့အစားအစာများ စားသုံးပါ

အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ်ကြွယ်ဝတဲ့အစားအစာများက သွေးခဲခြင်းကို လျော့ချပေးခြင်း၊ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ မှတ်ဉာဏ်စွမ်းအားကောင်းမွန်စေခြင်းတို့အပြင် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေပါတယ်။

အခုဖော်ပြပေးသွားတဲ့ အစားအစာ (၅) မျိုးကတော့ ဆင်တုပ်ကွေးရောဂါအတွက် သင့်တော်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။

Source: Stylecraze.com

(Zawgyi)

ဒီႏွစ္မိုးရာသီမွာ အျဖစ္အမ်ားဆံုး ရာသီေပၚေရာဂါတစ္မ်ိဳးကေတာ့ ဆင္တုပ္ေကြးပဲျဖစ္ပါတယ္။ ဆင္တုပ္ေကြးေရာဂါ ခံစားရတဲ့ အခ်ိဳ႕လူနာေတြက တစ္ပတ္အတြင္း ေပ်ာက္ကင္းေပမယ့္ ခုခံအားနည္းသူမ်ားကေတာ့ တစ္လၾကာလည္း မေပ်ာက္ ႏွစ္လၾကာလည္း မေပ်ာက္ ျဖစ္ေနတတ္ပါတယ္။ အဖ်ားေပ်ာက္သြားေပမယ့္ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္းေၾကာင့္ ကိုယ္လက္မသယ္ခ်င္ ျဖစ္ေနတတ္ပါတယ္။

ဒါဆိုရင္ ကိုယ္ခံစြမ္းအားျမင့္မားၿပီး ေရာဂါဒဏ္ကို တြန္းလွန္ႏိုင္ဖို႔အတြက္ ဘယ္လိုအစားအစာေတြ စားသံုးသင့္သလဲ။

အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ား

အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ားက အစာေခ်ဖ်က္ရလြယ္ကူၿပီး ကယ္လိုရီမ်ားလည္း နည္းပါးစြာပါဝင္ပါတယ္။ ဟင္းသီးဟင္းရြက္မ်ားမွာ ဗီတာမင္ ေအဓာတ္ ၾကြယ္ဝစြာပါဝင္ၿပီး ကင္ဆာေရာဂါ ျဖစ္ပြားျခင္းမွလည္း ကာကြယ္ေပးသလို အရိုးက်န္းမာႀကံ႕ခိုင္ဖို႔အတြက္လည္း ကူညီေပးပါတယ္။

ဒါ့အျပင္ ဟင္းရြက္ထဲမွာ ပါဝင္တဲ့ ဗီတာမင္စီဓာတ္ကေတာ့ နာမက်န္းျဖစ္ၿပီးခ်ိန္မွာ အားအင္ျပည္လည္ျပည့္ဝလာေအာင္ ကူညီေပးပါတယ္။

ပန္းသီးႏွင့္ ငွက္ေပ်ာသီး

ဆင္တုပ္ေကြးေရာဂါ ခံစားေနရခ်ိန္ေရာ ျပန္လည္သက္သာခ်ိန္မွာ အခ်ဥ္ဓာတ္ၾကြယ္ဝတဲ့ လိေမၼာ္သီး၊ ဖရဲသီး စတဲ့ သစ္သီးမ်ား စားသံုးျခင္းကို ေရွာင္ၾကဥ္သင့္ၿပီး ပန္းသီးႏွင့္ ငွက္ေပ်ာသီးကိုသာ စြဲစြဲၿမဲၿမဲစားသံုးသင့္ပါတယ္။

ပန္းသီးမွာ အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္ၿပီး အစာေခ်စနစ္ကို သန္႔စင္ေပးကာ ကိုယ္လက္စေတာမ်ား တက္မလာေအာင္ ကူညီေပးပါတယ္။ ငွက္ေပ်ာသီးရဲ႕ အမွ်င္ဓာတ္ကေတာ့ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ေပးၿပီး အူလမ္းေၾကာင္းကို သန္႔စင္ေပးပါတယ္။

ဗီတာမင္စီႏွင့္ ဗီတာမင္ အီးဓာတ္ ၾကြယ္ဝတဲ့ အစားအစာမ်ား

ဗီတာမင္စီက အနာက်က္ျမန္ေအာင္ ကူညီေပးၿပီး ၾကြက္သားမ်ားကို အားအင္ျပန္လည္ျဖည့္တင္းေပးပါတယ္။ ဗီတာမင္အီးကေတာ့ က်န္းမာေရးေကာင္းမြန္ေစရံုသာမက အသားအေရ အျပစ္အနာအဆာကင္းေအာင္၊ ႏွလံုးေရာဂါ မခံစားရေအာင္ ကူညီေပးတဲ့အျပင္ အဆစ္အျမစ္နာက်င္ျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

ဗီတာမင္စီႏွင့္ ဗီတာမင္အီးဓာတ္ ၾကြယ္ဝတဲ့အစားအစာေတြကေတာ့ မာလကာသီး၊ အဝါေရာင္ ငရုတ္ပြ၊ ကီဝီသီး၊ ပန္းေဂၚဖီစိမ္း၊ စေတာ္ဘယ္ရီသီး၊ ခရမ္းခ်ဥ္သီး စတဲ့ အစားအစာမ်ား၊ ဘယ္ရီသီးမ်ား၊ ေျမပဲမ်ား၊ ဂ်ံဳႏွင့္ သဘာဝအဆီဓာတ္တို႔ကို မွီဝဲစားသံုးေပးလိုက္ပါ။

အရည္မ်ားမ်ားေသာက္ပါ

မာတဲ့အစားအစာေတြထက္စာရင္ ဆန္ျပဳတ္၊ ၾကက္စြပ္ျပဳတ္ စတဲ့ အရည္မ်ားမ်ားပါတဲ့ ေပ်ာ့တဲ့အစားအစာေတြကို စားသံုးသင့္ပါတယ္။

အုိမီဂါသရီး ဖက္တိအက္ဆစ္ဓာတ္ ၾကြယ္ဝတဲ့အစားအစာမ်ား စားသံုးပါ

အိုမီဂါသရီး ဖက္တိအက္ဆစ္ဓာတ္ၾကြယ္ဝတဲ့အစားအစာမ်ားက ေသြးခဲျခင္းကို ေလ်ာ့ခ်ေပးျခင္း၊ ဦးေႏွာက္စြမ္းေဆာင္ရည္ကို ျမွင့္တင္ေပးျခင္း၊ မွတ္ဥာဏ္စြမ္းအားေကာင္းမြန္ေစျခင္းတို႔အျပင္ အဆစ္အျမစ္မ်ား နာက်င္ကိုက္ခဲျခင္းတို႔ကို သက္သာေစပါတယ္။

အခုေဖာ္ျပေပးသြားတဲ့ အစားအစာ (၅) မ်ိဳးကေတာ့ ဆင္တုပ္ေကြးေရာဂါအတြက္ သင့္ေတာ္တဲ့အစားအစာေတြပဲျဖစ္ပါတယ္။

Source: Stylecraze.com