ရေခဲရေ အသောက်များတဲ့အခါ၊ ရေသောက်နည်းတဲ့အခါ၊ အပူအအေး မမျှတဲ့အခါမျိုးတွေမှာ လည်ချောင်းနာတတ်ပါတယ်။ လည်ချောင်းနာလာပြီဆိုရင် စားရ သောက်ရတာ အဆင်မပြေဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

ဒီလိုစိတ်အနှောင့်အယှက်ဖြစ်ရတဲ့ လည်ချောင်းနာခြင်းကို မြန်မြန်သက်သာပျောက်ကင်းဖို့အတွက် ပန်းသီးရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာနည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုပေးလိုက်ပါ။

နည်းလမ်း (၁)

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးနွေး တစ်ဖန်ခွက်ဖြင့် ရောဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ပန်းသီးရှာလကာရည်နွေးနွေးလေးကို မကြာခဏပလုပ်ကျင်းပေးလိုက်ပါ။

နည်းလမ်း (၂) – ပန်းသီးရှာလကာရည်နှင့် သစ်ကြမ်းပိုးခေါက်

ရေနွေးနွေး တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သစ်ကြမ်းပိုးခေါက် အမှုန့် လက်ဖက်ရည်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ဖျော်စပ်ပေးလိုက်ပါ။

ရရှိလာတဲ့ ဖျော်ရည်နွေးနွေးလေးကို နည်းနည်းချင်းစီ သောက်သုံးပေးလိုက်ပါ။ ထိုဖျော်ရည်ဖြင့် ပလုပ်ကျင်းပေးမယ်ဆိုလည်း ရပါသေးတယ်။

ဒီနည်းလမ်းကိုတော့ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

နည်းလမ်း (၃) – ပန်းသီးရှာလကာရည်နှင့် ပျားရည်

ရေနွေးနွေး တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပျားရည် စားပွဲတစ်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထိုဖျော်ရည်ကို တစ်နေ့တစ်ကြိမ်ခန့် သောက်သုံးပေးမယ်ဆိုရင် လည်ချောင်းနာခြင်းက ယူပစ်သလို ပျောက်ကင်းသွားပါလိမ့်မယ်။

နည်းလမ်း (၄) – ပန်းသီးရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါ

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ရေနွေးနွေး တစ်ဖန်ခွက်တို့လိုအပ်ပါလိမ့်မယ်။ ပန်းသီးရှာလကာရည်နှင့် မုန့်ဖုတ်ဆိုဒါတို့ကို ရေနွေးနှင့် သမအောင် ဖျော်စပ်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ဖြင့် မကြာခဏ ပလုပ်ကျင်းပေးလိုက်ပါ။

နည်းလမ်း (၅) – ပန်းသီးရှာလကာရည်နှင့် သံပုယိုရည်

ရေနွေးနွေး တစ်ဖန်ခွက်ထဲသို့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ဖျော်ထည့်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်နွေးနွေးလေးကို နည်းနည်းချင်းစီ သောက်သုံးပေးလိုက်ပါ။ တစ်ရက်ကို ၂ ကြိမ်၊ ၃ ကြိမ်ခန့် သောက်သုံးပေးရပါမယ်။

Source: Stylecraze.com