မွေးရာပါ နှလုံးအားနည်းသူတွေပဲဖြစ်ဖြစ်၊ အသက်ကြီးလာမှ နှလုံးရောဂါ ခံစားနေရသူတွေပဲဖြစ်ဖြစ် သာမန်လူတွေလိုတော့ စားချင်တာစား၊ နေချင်သလိုနေလို့ မရပါဘူး။ အမောအပန်းဒဏ် မခံနိုင်တာကြောင့် လေ့ကျင့်ခန်းလုံးဝ မလုပ်တာထက်စာရင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးတာပဲဖြစ်ဖြစ်၊ ယောဂကျင့်တာပဲဖြစ်ဖြစ် ပြုလုပ်ပေးသင့်သလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကိုပဲ နေ့စဉ်စားသုံးပေးရမှာပါ။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားသုံးပေးသင့်တယ်ဆိုပေမယ့် အခုဖော်ပြပေးမယ့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် အစားအစာများက နှလုံးရောဂါသည်တွေအတွက် အာနိသင်ပိုရှိပါတယ်။

ဘလူးဘယ်ရီသီးများ

Proanthocyanidins ဓာတ်များက ဘလူးဘယ်ရီသီးကို အပြာရောင် ရောင်ခြယ်ဓာတ်ပေးစွမ်းနေတာဖြစ်ပြီး Antioxidants လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါဖြစ်ပွားစေတဲ့ မူလဇစ်မြစ်တွေကို အမြစ်ပြတ်အောင် ချေမှုန်းပေးနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ဆလပ်ရွက်ကို စားပေးရင်

သင့်မှာ နှလုံးရောဂါရှိတယ်ဆိုရင် ကိုက်လန်၊ ဆလပ်ရွက်၊ နံနံပင်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို အခြားသူတွေထက် ပိုစားသုံးပေးရပါမယ်။ ထိုဟင်းသီးဟင်းရွက်များက Lutein ဓာတ် ပါဝင်မှု မြင့်မားတဲ့အတွက်ကြောင့် နှလုံးရောဂါ မဖြစ်ပွားဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားသုံးပေးနိုင်ပါတယ်။

တလည်းသီး

တလည်းသီးရဲ့ ပတ္တမြားနီရောင်လေးက Antioxidants ကြွယ်ဝစွာပါဝင်နေပါတယ်ဆိုတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ တလည်းသီးဖျော်ရည်ကိုလည်း ရောဂါမခံစားခင်ကတည်းက ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားသုံးနိုင်သလို ရောဂါခံစားနေရသူတွေအတွက်လည်း အခြေအနေပိုဆိုးမလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

မုန်လာဥဖြူ

မုန်လာဥဖြူထဲမှာ ပါဝင်တဲ့ Anthocyanins ဓာတ်က ကိုလက်စတောပမာဏကို မှန်ကန်စေပြီး သွေးကြောများကိုလည်း ပြေလျော့စေတဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိတစ်မျိုး ပိုင်ဆိုင်ထားပါတယ်။

သစ်ကြားသီး

ဝါရှင်တန်မြို့က တက္ကသိုလ်တစ်ခုက ပြုလုပ်တဲ့လေ့လာစမ်းသပ်ချက်အရ ကျန်းမာရေးနဲ့ ညီညွှတ်စွာစားသောက်ခြင်းက နှလုံးသွေးကြော ကျဉ်းရောဂါ ကြောင့် သေဆုံးရနိုင်ချေကို ထက်ဝက်ခန့် လျော့ချနိုင်တယ်လို့ သိရပါတယ်။ ထိုသိပ္ပံပညာရှင်များ ဆက်လက်တွေ္ပ့ရှိထားတဲ့အရာကတော့ အစေ့အဆံများ စားသုံးမှုနည်းခြင်းက နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံးရနိုင်ချေကို မြင့်မားစေတယ်ဆိုတာပါပဲ။

သစ်ကြားသီးက အိုမီဂါ သရီး ဖက်တိ အက်ဆစ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းများ သွေးကြောများ ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တယ်လို့လည်း လေ့လာတွေ့ရှိထားကြပါတယ်။

Source: care2.com