များသောအားဖြင့် ဟင်းသီးဟင်းရွှက်တွေကို လတ်ဆတ်မှုပိုမိုရရှိစေရန် အစိမ်းစားတက်ကြသလို အသားငါးတွေကိုတောင်မှ အစိမ်းစားကြတာမျိုးတွေရှိပါတယ်။တစ်ချို့သောအစားအစာတွေကအစိမ်းစားရင် အရသာပိုရှိစေတယ်ဆိုပေမယ့် တစ်ချို့ကတော့ အစိမ်းစားဖို့လုံးဝမသင့်တော်တဲ့ အစားအစာတွေရှိပါတယ်။အံ့သြစရာကောင်းလောက်အောင်ပဲ လူအများစုအစိမ်းစားနေမိတဲ့အစားအစာတွေထဲမှာ ကျန်းမာရေးအရ အစိမ်းစားဖို့ မသင့်တော်တဲ့ အစားအစာတွေ အများကြီးပါဝင်နေတာဖြစ်ပါတယ်။

(၁) အာလူး

အာလူးဟာ ကစီဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာတစ်ခုဖြစ်ပြီး အစိမ်းတိုင်းစားမယ်ဆိုရင် အစာခြေစနစ်ကိုအနှောက်ယှက်ပေးနိုင်ပါတယ်။ အာလူးကို ပူနွေးပြီးစိုစွတ်တဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာထားမယ်ဆိုရင် အစိမ်းရောင်ပြောင်းသွားစေပြီး Solanine လို့ခေါ်တဲ့ အဆိပ်အတောက်ကိုဖြစ်စေပါတယ်။အဆိုပါအဆိပ်အတောက်ဟာ အစာအဆိပ်သင့်ခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး အစာခြေစနစ်ကိုကောင်းကောင်းဒုက္ခပေးမှာဖြစ်ပါတယ်။

(၂) ပီလောပီနံ

ပီလောပီနံအမြစ်မှာ ဗီတာမင်ဓာတ် သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်သော်လည်း အသက်အန္တရာယ်ရှိတဲ့ ဓာတုဓာတ်တွေများစွာလည်းပါဝင်နေပါတယ်။ဒါ့ကြောင့် ပီလောပီနံအမြစ်နဲ့ အစားအစာတော်တော်များများကို တွဲမစားမိဖို့သတိပေးတားမြစ်ထားတာပါ။ပီလောပီနံအမြစ်ကို အစိမ်းစားတဲ့အခါ ဆိုင်ယာနိုက်လို့ခေါ်တဲ့ ဓာတုအဆိပ်တစ်မျိုးထွက်ပေါ်စေတာကြောင့် သေချာရေးဆေးသန့်စင်အခွံနွာပြီး ချက်ပြုတ်ပြီးမှသာ စားသုံးသင့်တာဖြစ်ပါတယ်။

(၃) အသားစိမ်း

အမဲသား ဝက်သား ကြက်သားစတဲ့အသားတွေကို အစိမ်းတိုင်း သို့မဟုတ် မကျက်တကျက်စားခြင်းက အင်မတန်အန္တရာယ်ရှိတဲ့ စားသောက်မှုပုံစံတစ်ခုဖြစ်ပါတယ်။အသားစိမ်းတွေမှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးတွေများစွာရှိနေနိုင်တာကြောင့် အစိမ်းတိုင်းစားမယ်ဆိုရင် အစာခြေဖျက်ရခက်ခဲသလို ဗိုက်အောင့်ခြင်း အော့အန်ခြင်း မအီမသာဖြစ်ခြင်းစတာတွေ ဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်အသားတွေကို ကျက်အောင်ချက်ပြီးမှသာ စားသုံးဖို့အကြံပြုလိုပါတယ်။

(၄) နွားနို့

FDA ရဲ့အဆိုအရ ကျိုချက်ထားခြင်းမရှိတဲ့ နွားနို့အစိမ်းဟာ တခြားသော နို့ထွက်ပစ္စည်းတွေထက် အစာအဆိပ်သင့်ခြင်းဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်လို့သိရပါတယ်။မီးအပူနဲ့ကောင်းစွာကြိုချက်ထားခြင်းမရှိတဲ့ နွားနို့တွေမှာ ဘက်တီးရီးယားပိုးမွှားတွေများစွာပါဝင်နေတာကြောင့် အစိမ်းတိုင်းသောက်မယ်ဆိုရင် သင့်ရဲ့အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးနိုင်တာပါတယ်။ဒါ့ကြောင့် နွားနို့ကိုကောင်းကောင်းကျိုချက်ပြီးမှသာ သောက်သုံးသင့်တာဖြစ်ပါတယ်။

(၅) ပဲပင်ပေါက်

ပဲပင်ပေါက်မှာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အဟာရ ဓာတ်တွေများစွာပါဝင်ပါတယ်။အံ့သြစရာကောင်းလောက်အောင်ပဲ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ဓာတ်တွေများစွာပါဝင် တဲ့ပဲပင်ပေါက်ကို အစိမ်းတိုင်းစားမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် တော်တော်လေးအန္တရာယ်ရှိစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပဲပင်ပေါက်ဟာ ဘက်တီးရီးယားပိုးမွှားတွေကောင်းစွာပေါက်ဖွားရှင်သန်နိုင်တဲ့ ပူနွေးစိုစွတ်တဲ့နေရာမှာ အပင်ပေါက်လေ့ရှိလို့ပါ။ ဒါကြောင့်ပဲပင်ပေါက်တွေကို သေချာ ရေဆေးသန့်စင်ပြီး ကြော်ချက်ပြီးမှသာစားသုံးသင့်တာဖြစ်ပါတယ်။