နေကြာစေ့ဆိုရင်တော့ မကြိုက်တဲ့သူရှားပါတယ်။ နေကြာစေ့ကို အများကြီးစားရင်တော့ သွေးပေါင်ကျပြီး ခေါင်းမူးတာမျိုး ဖြစ်တတ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ ဆေးဖြစ်အောင်စားရင်တော့ ကောင်းကျိုးတွေရမှာပါ။ ဒါကြောင့် နေကြာစေ့ကို တစ်နေ့နည်းနည်း၊ တစ်နေ့ကို လက်တစ်ဆုပ်စာလေးပဲ ပုံမှန်နေ့တိုင်း စားပေးမယ်ဆိုရင်တော့ နေကြာစေ့စားပေးခြင်းကြောင့်ရရှိလာမယ့် ကျန်းမာရေးအတွက်ကောင်းကျိုး ၅ မျိုးကို ခံစားရမှာပါ။

နေကြာစေ့မှာက ဗီတာမင်အီးကြွယ်ဝစွာပါဝင်လို့ မျက်စိကျန်းမာရေးကို ကောင်းမွန်စေတယ်။ အမြင်အာရုံတိုးတက်လာစေပါတယ်။

နေကြာစေ့မှာက ပရိုတင်းဓာတ်လည်း များစွာပါဝင်လို့ ကြွက်သား muscles တွေပိုကောင်းလာစေပါတယ်။

အပေါ်မှာပြောခဲ့သလို နေကြာစေ့ကို တစ်နေ့ လက်တစ်ဆုပ်စာလောက် ပုံမှန်စားပေးရင် သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးအားကောင်းလာစေပါတယ်။

နေကြာစေ့ကို ပုံမှန်ဆေးဖြစ်အောင်စားပေးခြင်းကြောင့် ကိုယ်ခံအားလည်း ပိုကောင်းလာစေပါတယ်။

နေကြာစေ့မှာက ပရိုတင်းဓာတ်အပြင် အမျှင်ဓာတ်လည်းပါဝင်ပါတယ်။ အစာခြေစနစ်ကိုကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေတယ်။ ကိုယ်အလေးချိန်မှန်စေတယ်။ Healthy Weight ဖြစ်စေပါတယ်။

Source: www.goodhousekeeping.com