ဟင်းသီးဟင်းရွက် ကြိုက်နှစ်သက်တွေ အတွက်ကတော့ ဒီအတိုင်း အစိမ်းလိုက် စားကြသလို ချက်ပြုတ်ပြီးမှပဲ စားစား အားလုံး ကြိုက်ကြလေ့ ရှိပါတယ်။ ဒါပေမယ့် ချက်ပြီးစားတာနဲ့ ဒီအတိုင်း အစိမ်းစားတာ တွေမှာ ဘယ်ဟာက အာဟာရပိုရစေလဲဆိုတာတော့ သတိမထားမိကြပါဘူး။ တစ်ခါတလေ အပူပေးလိုက်မှ ဗီတာမင်တွေ ပျက်ဆီးသွားတာ ဖြစ်စေသလို အပူနဲ့ တွေ့မှ ဗီတာမင်တွေ ပိုကြွယ်ဝလာစေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အစိမ်းစားတာထက် ချက်စားတဲ့ အခါ ပိုပြီး ဗီတာမင်ကြွယ်စေတဲ့ အသီးအရွက် ၅မျိုးကို ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်။

၁။ မုန်လာဥနီ

carrot

မုန်လာဥနီဟာ မျက်လုံးကျန်းမာရေး အတွက် ကောင်းမွန်စေတယ်ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဘာကြောင့်လဲဆိုတာရော သိကြပါလား? သူ့မှာ Beta-Carotene လို့ ခေါ်တဲ့ ဓာတ်ပေါင်းစု ပါဝင်ပါတယ်။ လိမ္မော်ရောင် ရှိတဲ့ မုန်လာဥနီဟာ Beta-Carotene ကို ခန္ဓာကိုယ်ထဲမှာဆိုရင် ဗီတာမင် အေ အဖြစ်ကို ပြောင်းလဲပေးပါတယ်။ ဗီတာမင်အေဟာ မျက်လုံး ကျန်းမာရေးနဲ့ အသားအရေ ကျန်းမာရေးကို ကောင်းကောင်းကူညီပေးတဲ့ ဓာတ်ပါ။ ၂၀၀၂ လေ့လာသူတွေရဲ့ ပြောကြားချက်အရ ချက်ပြုတ်ထားတဲ့ မုန်လာဥနီဟာ Beta – Carotene ကို ပိုပြီး မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

၂။ ခရမ်းချဉ်သီး

tomatoes

ခရမ်းချဉ်သီးဟာ နေ့စဉ်ဘဝတွေထဲမှာ အမြဲ ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ ခရမ်းချဉ်သီးဟာ အစွမ်းထက်တဲ့ Antoxidant Lycopene တွေ ပါဝင်ပါတယ်။ ခရမ်းချဉ်သီး အစိမ်းကို စားမယ်ဆိုရင်တော့ ဒီဓာတ်တွေကို ခန္ဓာကိုယ်ဟာ အပြည့်အ၀ ရရှိမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောထားပါတယ်။ ချက်ပြုတ်လိုက်တဲ့ အခါမှာတော့ Lycopene တွေဟာ ပိုပြီး ပျော်ဝင်စေသလို အပြည့်အ၀ ရရှိစေမယ်လို့ ဆိုပါတယ်။

၃။ ဟင်းနုနွယ်

ဟင်းနုနွယ်ကတော့ အစိမ်းလိုက် စားတာ နည်းပါတယ်။ ဟင်းနုနွယ်ကလည်း သံဓာတ်နဲ့ ဗီတာမင်ဘီကို ကောင်းကောင်းပေးနိုင်တဲ့ အရွက်တစ်မျိုးပါ။ သူ့ကိုလည်း အစိမ်းစားတာထက် ချက်ပြုတ်ပြီး စားခြင်းဟာ ပိုပြီး ကျန်းမာစေပါတယ်။

၄။ ကညွှတ်

asparagus

ကညွှတ်ဟာ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်တဲ့ အကောင်းဆုံး ဆေးတစ်မျိုးပါ။ ဗီတာမင် အေ၊စီ၊ အီးတို့ ပါဝင်ပြီး ကျန်းမာစေတဲ့ တခြား ဓာတ်တွေနဲ့ စုဖွဲ့ထားပါတယ်။ ချက်ပြုတ်စားတဲ့ ကညွှတ်ဟာ ဗီတာမင်တွေကို ခန္ဓာကိုယ်က ပိုပြီး စုပ်ယူနိုင်တယ်လို့ ဆိုပါတယ်။

၅။ ရွှေဖရုံသီး

pumpkins_medium

ရွှေဖရုံသီးကို အစိမ်းစားလေ့ မရှိကြပါဘူး။ ချက်စားတဲ့ အခါမှာ ဘာတွေ ကောင်းလဲဆိုရင်တော့ မုန်လာဥနီလိုပဲ Beta-Carotene တွေ ပိုပျော်ဝင်ပြီး ဗီတာမင်တွေ အဖြစ်ကို ပြောင်းပေးနိုင်စေပါတယ်။

Credit: Prevention