အချဉ်ဓာတ်ကြွယ်ဝတဲ့ အသီးတွေလို့ ပြောလိုက်မယ်ဆိုရင် သံပုယိုသီး၊ သံပုရာသီး၊ လိမ္မော်သီးတို့ကို မျက်စိထဲ တန်းမြင်လာတတ်ပါတယ်။ ဒါပေမဲ့ နောက်ထပ် သွားရေကျစရာ စားလို့ကောင်းတဲ့ အသီးတစ်မျိုးရှိပါသေးတယ်။ ထိုအသီးကတော့ Grapefruit သီးပါပဲ။

Grapefruit သီးက အရည်ရွှမ်းတဲ့အပြင် သူ့အရသာ ချိုချိုချဉ်ချဉ်နဲ့ အင်မတန်စားလို့ကောင်းပြီး ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။

ဈေးဆိုင်တွေမှာ Grapefruit သီးကို ဥတုသုံးမျိုးစလုံး ဝယ်ယူရရှိနိုင်ပေမယ့် Grapefruit သီး အပေါဆုံးရာသီကတော့ ဆောင်းရာသီပဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီးသွားတဲ့နောက်မှာတော့ Grapefruit သီးကို ဘာ့ကြောင့် မှန်မှန်စားသုံးသင့်သလဲဆိုတာ သိရှိသွားပါလိမ့်မယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

Source: Express.co.uk

ဝိတ်ကျချင်သူများအနေနဲ့ Grapefruit သီးကို မှန်မှန်စားသုံးပေးမယ်ဆိုရင် ရက်သတ္တပတ် (၅) ပတ်ကြာတဲ့အခါ ဝိတ်ကျသွားတယ်လို့ ၂၀၁၅ ခုနှစ်က လေ့လာထားတဲ့ လေ့လာချက်အရ သိရှိရပါတယ်။ Grapefruit သီး ဖျော်ရည်ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

Source: Express.co.uk

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်ဖို့ရန်အတွက် သွေးတွင်းသကြားဓာတ် လွန်ကဲမနေဖို့ကလည်း အရေးကြီးပါတယ်။ ဆီးချိုရောဂါကို ဖြစ်ပေါ်စေတဲ့ သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးနိုင်ဖို့ရန်အတွက် Grapefruit သီးကို မှန်မှန်စားသုံးပေးလိုက်ပါ။

ကိုယ်ခံစွမ်းအား တိုးမြှင့်ပေးခြင်း

Grapefruit သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီဓာတ်က ပြင်ပမှ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာအောင် ကာကွယ်ပေးတဲ့အတွက်ကြောင့် မကြာခဏ ဖျားနာတတ်ခြင်းမှ ကင်းဝေးသွားပါလိမ့်မယ်။

နှလုံးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးခြင်း

Source: Health.com

၂၀၁၅ ခုနှစ်က လေ့လာထားတဲ့ သုတေသနပြုချက်များအရ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် များများစားသုံးသူများက နှလုံးရောဂါဖြစ်ပွားနိုင်ချေ ၁၅ ရာခိုင်နှုန်းခန့် လျော့ကျတယ်လို့ သိရှိရပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ Grapefruit လို သစ်သီးကို စားသုံးမယ်ဆိုရင် နှလုံးကျန်းမာရေးတွက် ပိုမိုအထောက်အပံ့ပေးနိုင်ပါတယ်။

အသားအရေအလှအပကို အထောက်အပံ့ပေးနိုင်ခြင်း

Source: Sipsmarter.org

ဗီတာမင်စီဓာတ်က ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါပဲ။ Grapefruit သီးကို မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို တင်းရင်းလှပစေမှာပါ။

Source: Top10homeremedies.com