သံပုရာသီး၊ သံပုယိုသီးစတဲ့ အချဉ်ဓာတ်ကြွယ်ဝသော အသီးများကို နေရာတိုင်းလိုလိုမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ အချိုပွဲများ၊ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ရာမှာလည်း သံပုယိုသီးကို အသုံးပြုကြပါတယ်။

ဒါတင်မကသေးပါဘူး။ အနံ့မွှေးတဲ့ဖယောင်းတိုင်များ ပြုလုပ်ရာမှာလည်း သံပုယိုသီးရနံ့ကို အသုံးပြုကြပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ သံပုယိုသီးရနံ့ကို လူ့စိတ်ကို လန်းဆန်းတက်ကြွစေလို့ပဲဖြစ်ပါတယ်။ သံပုယိုသီး (သို့) သံပုရာသီးကို နေ့စဉ်မှန်မှန်စားသုံးပေးခြင်းအားဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများကတော့…

ခန္ဓာကိုယ် အလှအပကို ထိန်းညှိပေးခြင်း

သံပုယိုသီးက အစာချေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရှိ အညစ်အကြေးနှင့် အဆိပ်အတောက်များကို ဖယ်ရှားပေးရာမှာ ပိုမိုလွယ်ကူလျင်မြန်စွာ ဖယ်ရှားနိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်တွင်းရှိ အဆီပိုများကို ဖယ်ရှားပေးတဲ့အတွက်ကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကို ကျန်းမာလှပစေတဲ့အပြင် အသားအရေကိုလည်း တောက်ပကြည်လင်စေပါလိမ့်မယ်။

အအေးမိ ဖျားနာခြင်းမှ ကာကွယ်ပေးခြင်း

သံပုယိုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့်မို့ အအေးမိ ဖျားနာဝေဒနာကို အလွယ်တကူမခံစားရအောင် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ ဖျားနာချင်သလိုလို ဖြစ်လာတာမျိုး (သို့) ဖျားနာတဲ့ လူတစ်ယောက်ယောက်နဲ့ ထိတွေ့ဆက်ဆံမှုရှိပြီးတဲ့အခါတိုင်းမှာ သံပုရာရည် (သို့) သံပုယိုရည်ကို ကြိုတင်သောက်သုံးနိုင်ပါတယ်။

အသည်းကို သန့်စင်ပေးခြင်း

ကယ်လိုရီများတဲ့ အစားအစာများ၊ အယ်လ်ကိုဟော (သို့) သကြားဓာတ်များတဲ့ အစားအစာများကို စားသုံးပြီးတဲ့အခါ သင့်အသည်းက အဆိပ်အတောက်နဲ့ အညစ်အကြေးများကို ဖယ်ရှားဖို့အတွက် ပိုအလုပ်လုပ်ရပါတယ်။ တကယ်လို့ သံပုယိုသီး (သို့) သံပုရာသီး တစ်မျိုးမျိုးကို စားပေးလိုက်တဲ့အခါ သည်းခြေရည် ထုတ်လွှတ်မှုကို လှုံ့ဆော်ပေးပြီး အသည်းထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း

သံပုယိုသီးကို ပုံမှန်မှီဝဲပေးခြင်းအားဖြင့် အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ အစာချေစနစ်နဲ့ အသက်ရှူလမ်းကြောင်းစနစ်တို့နဲ့ စပ်ဆိုင်နေတဲ့ ကင်ဆာရောဂါများ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဒါဟာ ဘာ့ကြောင့်လဲဆိုတော့ သံပုယိုသီးထဲမှာ ပါဝင်တဲ့ Flavonoids နဲ့ Antioxidants တို့က ကင်ဆာဆဲလ်များ ကြီးထွားပြန့်ပွားလာမှုကို ဟန့်တားပေးနိုင်လို့ပဲဖြစ်ပါတယ်။

ကိုလက်စတောပမာဏကို လျော့ချပေးခြင်း

လေ့လာချက်များအရ သံပုယိုသီးက သွေးတွင်းရှိ ကိုလက်စတောပမာဏ မြင့်မားမှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါ့ကြောင့် စာဖတ်သူအနေနဲ့ ကိုလက်စတောမြင့်မားတတ်တယ်ဆိုရင်တော့ သံပုရိုသီးကို မှန်မှန်မှီဝဲသင့်ပါတယ်။

Source: Ohmymag.co.uk