တရုတ်နံနံမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ထိုဟင်းရွက်ကို စားသုံးပြီးတဲ့နောက်မှာ အချိန်အတော်ကြာသည်အထိ ဗိုက်ပြည့်သလို ခံစားနေရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တို့အပြင် အခြားသော အာဟာရဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် တရုတ်နံနံဖျော်ရည်က သာမာန်ဖျော်ရည်တစ်ခုမဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဖျော်ရည်တစ်ခုပဲဖြစ်ပါတယ်။

တရုတ်နံနံဖျော်ရည်ကို မနက်မိုးလင်းတိုင်း တစ်ခွက်စီသောက်သုံးခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးများကို သင် သိပြီးပါပြီလား။ သင် သိထားတဲ့အချက်တွေ မှန် မမှန်ဆိုတာကို ဆက်လက်အဖြေညှိကြည့်လိုက်ရအောင်။

အမြင်အာရုံကောင်းမွန်စေခြင်း

တရုတ်နံနံမှာ ဗီတာမင်အေဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ထိုဗီတာမင်ဓာတ်က အမြင်အာရုံကောင်းမွန်ဖို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ မျက်ကြည်လွှာထဲသို့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားများ ဝင်ရောက်မလာအောင် ကူညီပေးတာကလည်း ဗီတာမင် အေပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတဲ့အခါ ခံစားရလေ့ရှိတဲ့ မျက်စိတိမ်ဖုံးခြင်းတို့မှ ကာကွယ်ပေးတာကလည်း ဗီတာမင် အေပါပဲ။

ကင်ဆာရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးခြင်း

တရုတ်နံနံမှာ ကင်ဆာဆဲလ်များကို အားနည်းသွားစေတဲ့ Luteolin လို့ခေါ်တဲ့ ဒြပ်စင်တစ်မျိုးပါဝင်တယ်လို့ သုတေသနပညာရှင်များက လေ့လာတွေ့ရှိထားပါတယ်။ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တရုတ်တိုင်းရင်းဆေးနည်းတွေမှာ ကိုက်လန်ကို ကင်ဆာရောဂါတိုက်ဖျက်ရာမှာ အသုံးပြုခဲ့ကြတာပါ။

အက်စစ်ဓာတ်များကို ဓာတ်ပြယ်စေခြင်း

အက်စစ်ဓာတ်များပြားတဲ့ အစားအစာများကို စားသုံးခြင်းက အရိုးများ အားနည်းခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ အသည်းနှင့် နှလုံးနဲ့ ပတ်သက်တဲ့ရောဂါများ ခံစားရနိုင်ပါတယ်။ တရုတ်နံနံမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တို့ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲရှိ အက်စစ်ဓာတ်များကို ဓာတ်ပြယ်စေပြီး pH ပမာဏကို ထိန်းညှိပေးပါတယ်။

ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

ယနေ့ခေတ်မှာ အဖြစ်အများဆုံးရောဂါတစ်ခုကတော့ ဆီးချိုရောဂါပဲဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ သန်း ၄၀၀ ခန့်က ဆီးချိုရောဂါ ခံစားရလိမ့်မယ်လို့ ခန့်မှန်းသိရှိရပါတယ်။ ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးမယ့် တစ်ခုတည်းသော သဘာဝနည်းလမ်းကတော့ တရုတ်နံနံဖျော်ရည်သောက်သုံးခြင်းပဲဖြစ်ပါတယ်။ တရုတ်နံနံမှာ ဗီတာမင်ကေ ဓာတ် များပြားစွာပါဝင်တဲ့အတွက်ကြောင့် အင်ဆူလင်ပမာဏကို ထိန်းညှိပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီလိုအစွမ်းထက်လှတဲ့ တရုတ်နံနံကို မိမိအိမ်မှာပဲ ဘယ်လိုစိုက်ပျိုးလို့ရမလဲဆိုတော့…

တရုတ်နံနံတစ်စည်း ဝယ်ပြီးတဲ့အခါ သူ့ရဲ့ အောက်ခြေပင်စည်ပိုင်းကို လှီးဖြတ်လိုက်ပါ။ လှီးဖြတ်လိုက်တဲ့ တရုတ်နံနံပင်စည်ကို လွှင့်ပစ်မယ့်အစား ရေထည့်ထားတဲ့ ဇလုံထဲမှာ ရက်အနည်းငယ်ခန့် ထည့်ထားလိုက်ပါ။ အညွှန့်များပေါက်လာတာကို တွေ့ရပါလိမ့်မယ်။ အညွှန့်ပေါက်လာပြီဆိုတာနဲ့ မြေကြီးပေါ်မှာ စိုက်ပျိုးပေးလိုက်ပါ။

ဒါဆိုရင်တော့ ပိုးသတ်ဆေးများမပါဝင်တဲ့ အော်ဂဲနစ်တရုတ်နံနံကို စိတ်ချလက်ချစားသုံးနိုင်မှာပဲဖြစ်ပါတယ်။

Source: Brightside.me