အရိုးအဆစ်များ ရောင်ရမ်းကိုက်ခဲခြင်းက နေရထိုင်ရ ခက်ခဲစေတဲ့အပြင် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ စတဲ့ နောက်ဆက်တွဲရောဂါများကိုလည်း ခံစားရစေပါတယ်။ တကယ်လို့ အဆစ်ရောင်ရောင်ဂါကို သက်သာစေပြီး သောက်သုံးပါက ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိတဲ့ ဖျော်ရည်တစ်ချို့ရှိတယ်ဆိုရင်ရော ထိုဖျော်ရည်တွေကို သင် သောက်သုံးမှာလား။

အခုဖော်ပြပေးမယ့် ဖျော်ရည်လေးတွေက အရိုးအဆစ် ရောင်ရမ်းကိုက်ခဲခြင်းကို သက်သာစေပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

ဝိုင်နီ

အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးဖြစ်တဲ့ ဝိုင်နီကို သောက်သုံးခိုင်းလို့ အံ့သြသွားပါသလား။ တကယ်တော့ ဝိုင်နီက အဆစ်အမြစ်ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်တဲ့ အစွမ်းသတ္တိများ မြင့်မားစွာပါဝင်ပါတယ်။ တစ်နေ့ကို ဝိုင်နီ တစ်ခွက်၊ နှစ်ခွက်ခန့် သောက်သုံးပေးမယ်ဆိုရင် အရိုးပွရောဂါ၊ အရိုးအက်ခြင်းစတဲ့ ရောဂါများ ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

သို့ပေမယ့် အယ်လ်ကိုဟောပါဝင်တဲ့အတွက်ကြောင့် တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အလွန်အကျွံတော့ မသောက်သုံးသင့်ပါဘူး။

ရေ

ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်က ရေဓာတ် ၇၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းတည်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာကြံ့ခိုင်စွာ နေထိုင်နိုင်ဖို့အတွက် ရေများများ သောက်သုံးပေးရပါမယ်။

ရေဓာတ်ခမ်းခြောက်သွားမယ်ဆိုရင် ခန္ဓာကိုယ်ထဲက အညစ်အကြေးနဲ့ အဆိပ်အတောက်များကို မဖယ်ရှားပေးနိုင်တော့ဘဲ ရောင်ရမ်းမှု စတင်လာပါတော့မယ်။ အရိုးနှစ်ခုစုဆုံတဲ့အခါ ရေဓာတ်မလုံလောက်ပါကလည်း အဆစ်ရောင်ဝေဒနာကို ခံစားရလေ့ရှိပါတယ်။

ချယ်ရီသီးဖျော်ရည်

လေ့လာတွေ့ရှိချက်များအရ ချယ်ရီသီးဖျော်ရည်က အရိုးပွရောဂါနဲ့ ဒူလာရောဂါတို့ ခံစားရနိုင်ချေကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမဲ့ ဖျော်ရည် ဖျော်တဲ့အခါ ချိုရဲနေအောင် မဖျော်ဘဲ သဘာဝအရသာအတိုင်း (သို့) အချဉ်ဓာတ်အနည်းငယ်ပါဝင်အောင် ဖျော်ပေးရမှာပဲဖြစ်ပါတယ်။

Smoothies ဖျော်ရည်များ

Smoothies ဖျော်ရည်များက အသင့်သောက်အချိုရည်များထက် ကျန်းမာရေးနဲ့ ပိုညီညွှတ်ပြီး ပိုအစွမ်းထက်ကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Smoothies ဖျော်ရည်များက အမျှင်ဓာတ်ကို ကြာရှည်စွာထိန်းသိမ်းထားနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ ရောင်ရမ်းခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။

ရေနွေးကြမ်း သောက်သုံးခြင်း

ရေနွေးကြမ်းသောက်သုံးတဲ့အခါ အမဲရောင်လက်ဖက်ခြောက်နဲ့ပဲ သောက်သောက်၊ လက်ဖက်စိမ်းနဲ့ပဲ သောက်သောက် မိမိကြိုက်နှစ်သက်ရာကို သောက်သုံးနိုင်ပါတယ်။ အဆစ်မြစ်ရောင်ရောဂါအတွက်ဆိုရင်တော့ လက်ဖက်စိမ်းက ပိုအစွမ်းထက်ပါတယ်။

နွားနို့

အရိုးအဆစ်သန်မာဖို့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ နွားနို့ သောက်သုံးသင့်တယ်ဆိုတာကို ကလေးဘဝကတည်းက သင် သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ လေ့လာချက်အချို့အရ နွားနို့သောက်သုံးခြင်းက အရိုးအားနည်းခြင်းမှ ကာကွယ်ပေးပြီး ဒူလာရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

Source: hhdresearch.org