ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ ရင်သားကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း၊ အိပ်မပျော်တဲ့ရောဂါကို ကုသပေးခြင်းအပြင် အခြားသော အကျိုးကျေးဇူးများစွာကို မြေပဲထောပတ်စားသုံးခြင်းအားဖြင့် ရရှိနိုင်ပါတယ်။ မြေပဲထောပတ်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ ကျန်းမာရေးနဲ့ ညီညွှတ်သော သဘာဝအဆီဓာတ်များ ပါဝင်တဲ့အတွက်ကြောင့် သင့်တင့်မျှတစွာ စားသုံးပေးမယ်ဆိုပါက သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

မြေပဲထောပတ်ကို ဒီနေ့ကစပြီး စတင်စားသုံးသင့်တဲ့ အကြောင်းအရင်းတွေကတော့…

မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေခြင်း

Source: Culinaryhill.com

မြေပဲထောပတ်ထဲမှာပါဝင်တဲ့ ဗီတာမင်အီး၊ ဇင့်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်နဲ့ Niacin ဓာတ်တို့က ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေမှာဆိုရင် ဗီတာမင်အီးက မှတ်ဉာဏ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။

လေ့ကျင့်ခန်းများ ပြုလုပ်ပြီးပါက ကြွက်သာများကို အားအင်ပြန်လည်ဖြည့်တင်းပေးခြင်း

မြေပဲထောပတ်ထဲမှာပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်က ကြွက်သားများ အားပြန်ဖြည့်တင်းဖို့အတွက် အဓိကအခန်းကဏ္ဍမှာပါဝင်ပါတယ်။ ဒါ့ကြောင့် ကြက်သားများ နာကျင်ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်း စတဲ့ ဝေဒနာများကို လျော့ချပေးတဲ့အတွက်ကြောင့် လေ့ကျင့်ခန်းပြုလုပ်ရတာ ပျော်ရွှင်ဖို့ကောင်းပါလိမ့်မယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း

မြေပဲထောပတ်ရဲ့ ပိုတက်စီယမ်ဓာတ်က ကြွက်သားကျန်းမာရေးအတွက်သာမက သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် သွေးတိုးသမားများအနေနဲ့ သွေးပေါင်ချိန်ကျဖို့အတွက် မြေပဲထောပတ်ကို သင့်တင့်မျှတစွာ စားသုံးသင့်ပါတယ်။

နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း

မြေပဲထောပတ်ထဲမှာ ပါဝင်တဲ့ Tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်က Melatonin လို့ခေါ်တဲ့ အိပ်စက်မှုဟော်မုန်းနဲ့ Serotonin လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတို့ကို လှုံ့ဆော်ပေးပါတယ်။ အကျိုးရလဒ်အနေနဲ့ သင့်ကို စိတ်တည်ငြိမ်အေးချမ်းစေတာကြောင့် ညဘက်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားသုံးဖို့ မလိုအပ်ပါတယ်။ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်ဆို လုံလောက်ပါပြီ။

ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးခြင်း

Source: Foodnetwork.com

အမေရိကန်နိုင်ငံမှ ရင်သားကင်ဆာတိုက်ဖျက်ရေး သုတေသနဖောင်ဒေးရှင်းရဲ့ လေ့လာချက်အရ မြေပဲထဲမှာပါဝင်တဲ့ သဘာဝပရိုတင်းဓာတ်နဲ့ အဆီဓာတ်များက ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ မြေပဲထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်းကို တစ်ပတ် နှစ်ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင် သိသိသာသာ ကိုယ်အလေးချိန်လျော့ကျသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Brightside.me