ပျားရည်နှင့် သစ်ကြမ်းပိုးခေါက်ကတော့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် သဘာဝကပေးစွမ်းတဲ့ အစွမ်းထက်သော ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကို တွဲဖက်ပြီး အသုံးပြုလာကြတာပါ။

ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်ကို နေ့စဉ်နေ့တိုင်းမှီဝဲစားသုံးပေးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကိုရော စာဖတ်သူတို့ သိပြီးကြပါပြီလား။

ဝိတ်ကျခြင်း

ကိုယ်အလေးချိန်ကို လျော့ချဖို့ ဘာတွေ သောက်ရမလဲ

ရေနွေးပူပူထဲသို့ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် သစ်ကြမ်းပိုးခေါက် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ထည့်ပြီးနောက် သမအောင် မွှေပေးလိုက်ပါ။ အစား မစားခင်မှ သောက်သုံးလိုက်မယ်ဆိုရင် အစားအလွန်အကျွံစားချင်စိတ်ကို ထိန်းညှိပေးပြီး ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။

နှလုံးရောဂါ ခံစားရနိုင်ချေကို လျော့ချပေးခြင်း

သစ်ကြမ်းပိုးခေါက်နဲ့ ပျားရည်ရဲ့ပေါင်းစပ်ဂုဏ်သတ္တိက ရောင်ရမ်းမှုကို လျော့ချပေးပြီး မကောင်းတဲ့ကိုလက်စတောများကို ဖယ်ရှားပေးကာ နှလုံးရောဂါ ခံစားရခြင်း၊ သွေးခဲခြင်း စတဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာများကို ကုသပေးနိုင်သော အစွမ်းသတ္တိများ ပိုင်ဆိုင်ထားခြင်း

လေ့လာချက်များအရ ပျားရည်နဲ့ သစ်ကြမ်းပိုးခေါက်များက ထိခိုက်ဒဏ်ရာအမျိုးမျိုးကို ကုသပေးနိုင်တယ်ဆိုတဲ့ အံ့မခန်းအချက်တစ်ချက်ကို လေ့လာတွေ့ရှိရပါတယ်။

သွေးတွင်းသကြားဓာတ်ကို လျော့ချပေးခြင်း

ပျားရည်က ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးပြီး ဆီးချိုရောဂါ ခံစားရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြမ်းပိုးခေါက်ကလည်း အင်ဆူလင်ခုခံအားကို တိုးမြှင့်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးခြင်း

သစ်ကြမ်းပိုးခေါက်က အယ်လ်ဇိုင်းမားကဲ့သို့ မှတ်ဉာဏ်ချို့ယွင်းမှု ပြင်းထန်သော ရောဂါများ ခံစားရခြင်းမှ ကာကွယ်ပေးပြီး အသက်အရွယ်ကြီးရင့်လာပေမယ့် မှတ်ဉာဏ်မပျက်စီးအောင် ကူညီပေးပါတယ်။ အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကင်ဆာရောဂါများ ရန်မှ ကာကွယ်ပေးခြင်း

ဓာတ်ခွဲခန်းထဲမှ လေ့လာထားတဲ့ စမ်းသပ်ချက်များအရ သစ်ကြမ်းပိုးခေါက်က ကင်ဆာဆဲလ်များနဲ့ အကြိတ်များ ကြီးထွားပြန့်ပွားလာခြင်းမှ ကာကွယ်ပေးပါတယ်။ သစ်ကြမ်းပိုးခေါက်ထဲမှာရော ပျားရည်ထဲမှာပါ Antioxidants များ ကြွယ်ဝစွာပါဝင်တာကြောင့် အူမကြီးကင်ဆာ မခံစားရအောင် ကာကွယ်ပေးမှာပဲဖြစ်ပါတယ်။

Source: Foodeatsafe.com