ကိုယ့်မှာ သွေးတိုးရောဂါရှိပြီဆိုတာကို သိလိုက်တာနဲ့ တစ်ပြိုင်နက် အရင်ကလို ကိုယ်စားချင်တာတွေ စားလို့မရတော့ပါဘူး။ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်လို အငန်ဓာတ်များတဲ့အစားအစာတွေကို စားလို့မရတော့သလို တစ်ချိန်က အရမ်းကြိုက်ပါတယ်ဆိုတဲ့ ဝက်သားတို့ ဝက်ဆီဖတ်တို့ကိုလည်း ရှောင်ကြဉ်ရပါတော့မယ်။

အငန်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီး အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို စားသုံးပေးလိုက်ပါ။

အယ်လ်မွန်သီး

နှလုံးကျန်းမာရေး၊ သွေးကြောတစ်လျှောက် သွေးစီးဆင်းမှုကောင်းမွန်စေရေးနဲ့ သွေးပေါင် အတက်အကျကို ထိန်းညှိပေးဖို့အတွက် မဂ္ဂနီဆီယမ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ အယ်လ်မွန်သီးထဲမှာ တွေ့ရတဲ့ မဂ္ဂနီဆီယမ်ဓာတ်က သွေးပေါင်ချိန်ကို မှန်ကန်စေတာကြောင့် တစ်နေ့ကို အယ်လ်မွန်သီး ၁ အောင်စခန့် စားသုံးပေးမယ်ဆိုရင် သွေးတိုးခြင်းကို မကြာခဏ ခံစားရတော့မှာမဟုတ်ပါဘူး။

သကြားမုန်လာ

သကြားမုန်လာကလည်း သွေးတိုးရောဂါသည်တွေအတွက် အထိရောက်ဆုံးကုသပေးနိုင်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ သကြားမုန်လာထဲမှာ နိုက်ထရိတ်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး ထိုဒြပ်ပေါင်းက သွေးတိုးခြင်းကို လျှော့ချပေးနိုင်ပြီး သွေးပေါင်ချိန်မှန်ကန်စေပါတယ်။ ချက်ပြုတ်ထားတဲ့ သကြားမုန်လာကလည်း သွေးတိုးရောဂါအတွက် ကောင်းမွန်တယ်ဆိုပေမယ့် သကြားမုန်လာဖျော်ရည်က ပိုပြီး အစွမ်းထက်ပါတယ်။

သဖန်းသီး

သွေးပေါင်ချိန်မှန်ကန်ဖို့ရန်အတွက် ပိုတက်ဆီယမ်ဓာတ်က မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ သဖန်သီးထဲမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် သွေးပေါင်ချိန်မှန်ကန်နေဖို့ရန်အတွက် ကူညီပေးမှာပဲဖြစ်ပါတယ်။

သစ်ကြမ်းပိုးခေါက်

ဝမ်းဗိုက်မှာ အဆီများ စုပုံနေခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စတော ပုံမှန်မဟုတ်ခြင်း စတဲ့ ကျန်းမာရေးပြဿနာပေါင်းစုံကို ဖြေရှင်းပေးနိုင်တာကတော့ သစ်ကြမ်းပိုးခေါက်ပဲဖြစ်ပါတယ်။

စပျစ်သီး

စပျစ်သီးရဲ့ ကျန်းမာရေးအစွမ်းထက်ပုံ

စပျစ်သီးထဲမှာပါဝင်တဲ့ Resveratrol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် ထိုဒြပ်ပေါင်းက သွေးကြောကို ချဲ့ပေးတာကြောင့် သွေးကြောနံရံတွေကို လျော့စေတဲ့အတွက်ကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးရာမှာ ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

သရက်သီး

လေ့လာချက်တွေအရ သရက်သီးစားသုံးတဲ့သူတွေက သွေးပေါင်ချိန်မှန်ကန်တာကြောင့် သွေးတိုးရောဂါသမားတွေ စားသုံးမယ်ဆိုရင် ကောင်းမွန်တဲ့အကျိုးရလဒ်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ဆေးဝါးသိပ္ပံဂျာနယ်တစ်ခုရဲ့ ဖော်ပြချက်အရ သွေးတိုးရောဂါသည်တွေရော နှလုံးရောဂါသည်တွေပါ ခရမ်းချဉ်သီးကို မှန်မှန်စားသုံးသင့်တယ်လို့ သိရှိရပါတယ်။

Source: care2.com