[Unicode]

ကျန်းမာရေးအတွက် ကောင်းကျိုးအများအပြားပေးတဲ့ ဟင်းခတ်ပစ္စည်းတွေထဲမှာ နနွင်းမှုန့်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ရှေးလူကြီးများကလည်း နနွင်းမှုန့်ကို သဘာဝဆေးဖက်ဝင်ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုကြတာကိုလည်း ကြားဖူးနားဝရှိကြမှာပါ။ ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်သလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

အအေးမိနှာစေးတဲ့အခါ

Source: gha2.net.au

နနွင်းမှုန့်အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ပိုက်ဆံလျှော်စေ့ဆီ တစ်ဖန်ခွက်ခန့်နဲ့ ရောပြီး အပူပေးထားလိုက်ပါ။ အနံ့ပြင်းလာပြီဆိုမှ မီးဖိုပေါ်က ချလိုက်ပါ။ ရရှိလာတဲ့အရည်ပူပူလေးကို ၁ မိနစ်၊ ၂ မိနစ်ခန့် ရှုပေးလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ဝက်ခြံနဲ့ အမဲစက်များကို ပျောက်ကင်းချင်တယ်ဆိုရင်

Source: shakura.com.sg

ရှားစောင်းလက်ပတ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံတို့ကို သမအောင် ရောမွှေပြီး ဝက်ခြံပေါက်တဲ့နေရာကို တို့ထားပေးလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာတဲ့အချိန်ကျမှ ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် ဝက်ခြံများ သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်။

ဆံပင် အရှည်မြန်ချင်တဲ့အခါ

Source: Shutterstock.com

နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဟင်းသီးဟင်းရွက်ဆီ ၅၀ မီလီလီတာတို့ကို ရောနှောလိုက်ပြီး ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ရေဆေးချလိုက်ပါ။ တစ်လကို ၁ ကြိမ်မှ ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါတယ်။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာကို တိုးမြှင့်ပေးပြီး စိတ်ခံစားချက်များကို ကောင်းမွန်စေဖို့အတွက်

Source: powerofpositivity.com

ရေခဲရေ တစ်ဖန်ခွက်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ သံပုရိုသီး တစ်ချပ်တို့ကို သမအောင်ရောနှောလိုက်ပြီး တစ်နေ့တစ်ခွက်သောက်ပေးလိုက်ပါ။ မှတ်ဉာဏ်စွမ်းအားလည်း ကောင်းလာပြီး တစ်နေ့တာလုံး စိတ်လက်ပေါ့ပါးပျော်ရွှင်နေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ အစာအိမ်ရောဂါရှိသူများအနေနဲပတော့ သောက်သုံးရန်မသင့်လျော်ပါဘူး။

အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

Source: dynamitesports.org

နနွင်းမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ပြားနေအောင် ဖိထောင်းထားသော ကြက်သွန်ဖြူ ၂ မြွှာ၊ ၃ မြွှာခန့်ကို ရောမွှေပြီးနောက် နာကျင်ကိုက်ခဲတဲ့နေရာပေါ်မှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် လိမ်းပေးထားလိုက်ပါ။ နှစ်ပတ်တိတိ နေ့စဉ်နေ့တိုင်း ပြုလုပ်ပေးရပါမယ်။

လည်ချောင်းနာခြင်း သက်သာစေဖို့အတွက်

Source: indiatimes.com

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို ရေနွေးပူတစ်ဖန်ခွက်နဲ့ ရောပြီး ပလုပ်ကျင်းပေးလိုက်ပါ။ တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့

Source: Shutterstock.com

နွားနို့တစ်ဖန်ခွက်နဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကိုရောပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နေ့စဉ်မှန်မှန်သောက်ပေးလိုက်ပါ။ ခဏခဏ အစားစားချင်စိတ်ကို လျော့ချပေးပါလိမ့်မယ်။

ရောင်ရမ်းခြင်း၊ ရှရာပြတ်ရာ၊ မီးလောင်ဒဏ်ရာတို့ကို ပျောက်ကင်းစေဖို့အတွက်

Source: gezondheidsnet.nl

ဂျင်းအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ ရေအနည်းငယ်တို့ကို သမအောင် ရောနှောပြီး အနှစ်ဖြစ်အောင် ပြုလုပ်လိုက်ပါ။ ရရှိလာတဲ့အနှစ်ကို ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ တစ်နေ့ တစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆို ဒဏ်ရာအကျက်မြန်ပါတယ်။

[Zawgyi]

က်န္းမာေရးအတြက္ ေကာင္းက်ိဳးအမ်ားအျပားေပးတဲ့ ဟင္းခတ္ပစၥည္းေတြထဲမွာ နႏြင္းမႈန္႔ကလည္း တစ္ခုအပါအဝင္ပါပဲ။ ေ႐ွးလူႀကီးမ်ားကလည္း နႏြင္းမႈန္႔ကို သဘာဝေဆးဖက္ဝင္ပစၥည္းတစ္မ်ိဳးအျဖစ္ အသံုးျပဳၾကတာကိုလည္း ၾကားဖူးနားဝ႐ွိၾကမွာပါ။ ဘယ္လိုေနရာေတြမွာ အသံုးျပဳႏိုင္သလဲဆိုတာ ဆက္ဖတ္ၾကည့္လိုက္ရေအာင္။

အေအးမိႏွာေစးတဲ့အခါ

Source: gha2.net.au

နႏြင္းမႈန္႔အေျခာက္ လက္ဖက္ရည္ဇြန္း တစ္ဝက္ကို ပိုက္ဆံေလွ်ာ္ေစ့ဆီ တစ္ဖန္ခြက္ခန္႔နဲ႔ ေရာၿပီး အပူေပးထားလိုက္ပါ။ အနံ႔ျပင္းလာၿပီဆိုမွ မီးဖိုေပၚက ခ်လိုက္ပါ။ ရ႐ွိလာတဲ့အရည္ပူပူေလးကို ၁ မိနစ္၊ ၂ မိနစ္ခန္႔ ႐ႈေပးလိုက္ပါ။ တစ္ေန႔ကို ႏွစ္ႀကိမ္ခန္႔ ျပဳလုပ္ေပးရပါမယ္။

ဝက္ၿခံနဲ႔ အမဲစက္မ်ားကို ေပ်ာက္ကင္းခ်င္တယ္ဆိုရင္

Source: shakura.com.sg

႐ွားေစာင္းလက္ပတ္ရည္ စားပြဲတင္ဇြန္း ၁ ဇြန္း၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံုတို႔ကို သမေအာင္ ေရာေမႊၿပီး ဝက္ၿခံေပါက္တဲ့ေနရာကို တို႔ထားေပးလိုက္ပါ။ ၁၀ မိနစ္၊ ၁၅ မိနစ္ၾကာတဲ့အခ်ိန္က်မွ ေရေဆးခ်လိုက္ပါ။ တစ္ပတ္ကို ၃ ႀကိမ္ေလာက္ ျပဳလုပ္ေပးမယ္ဆိုရင္ ဝက္ၿခံမ်ား သိသိသာသာေပ်ာက္ကင္းသြားပါလိမ့္မယ္။

ဆံပင္ အ႐ွည္ျမန္ခ်င္တဲ့အခါ

Source: Shutterstock.com

နႏြင္းမႈန္႔ စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ဟင္းသီးဟင္းရြက္ဆီ ၅၀ မီလီလီတာတို႔ကို ေရာေႏွာလိုက္ၿပီး ဆံပင္အရင္းကေန အဖ်ားအထိ သုတ္လိမ္းေပးလိုက္ပါ။ မိနစ္ ၃၀ ၾကာမွ ေရေဆးခ်လိုက္ပါ။ တစ္လကို ၁ ႀကိမ္မွ ၃ ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ပါတယ္။

ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာကို တိုးျမွင့္ေပးၿပီး စိတ္ခံစားခ်က္မ်ားကို ေကာင္းမြန္ေစဖို႔အတြက္

Source: powerofpositivity.com

ေရခဲေရ တစ္ဖန္ခြက္၊ င႐ုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ သံပု႐ိုသီး တစ္ခ်ပ္တို႔ကို သမေအာင္ေရာေႏွာလိုက္ၿပီး တစ္ေန႔တစ္ခြက္ေသာက္ေပးလိုက္ပါ။ မွတ္ဥာဏ္စြမ္းအားလည္း ေကာင္းလာၿပီး တစ္ေန႔တာလံုး စိတ္လက္ေပါ့ပါးေပ်ာ္ရႊင္ေနမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့ အစာအိမ္ေရာဂါ႐ွိသူမ်ားအေနနဲပေတာ့ ေသာက္သံုးရန္မသင့္ေလ်ာ္ပါဘူး။

အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းကို သက္သာေစျခင္း

Source: dynamitesports.org

နႏြင္းမႈန္႔ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ပ်ားရည္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ျပားေနေအာင္ ဖိေထာင္းထားေသာ ၾကက္သြန္ျဖဴ ၂ ျမႊာ၊ ၃ ျမႊာခန္႔ကို ေရာေမႊၿပီးေနာက္ နာက်င္ကိုက္ခဲတဲ့ေနရာေပၚမွာ ၁၅ မိနစ္၊ မိနစ္ ၂၀ ခန္႔ လိမ္းေပးထားလိုက္ပါ။ ႏွစ္ပတ္တိတိ ေန႔စဥ္ေန႔တိုင္း ျပဳလုပ္ေပးရပါမယ္။

လည္ေခ်ာင္းနာျခင္း သက္သာေစဖို႔အတြက္

Source: indiatimes.com

နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္တို႔ကို ေရေႏြးပူတစ္ဖန္ခြက္နဲ႔ ေရာၿပီး ပလုပ္က်င္းေပးလိုက္ပါ။ တစ္ေန႔ ၃ ႀကိမ္ခန္႔ ျပဳလုပ္ေပးရပါမယ္။

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူမ်ားအေနနဲ႔

Source: Shutterstock.com

ႏြားႏို႔တစ္ဖန္ခြက္နဲ႔ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္တို႔ကိုေရာၿပီး မနက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေန႔စဥ္မွန္မွန္ေသာက္ေပးလိုက္ပါ။ ခဏခဏ အစားစားခ်င္စိတ္ကို ေလ်ာ့ခ်ေပးပါလိမ့္မယ္။

ေရာင္ရမ္းျခင္း၊ ႐ွရာျပတ္ရာ၊ မီးေလာင္ဒဏ္ရာတို႔ကို ေပ်ာက္ကင္းေစဖို႔အတြက္

Source: gezondheidsnet.nl

ဂ်င္းအမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ ေရအနည္းငယ္တို႔ကို သမေအာင္ ေရာေႏွာၿပီး အႏွစ္ျဖစ္ေအာင္ ျပဳလုပ္လိုက္ပါ။ ရ႐ွိလာတဲ့အႏွစ္ကို ဒဏ္ရာေပၚမွာ သုတ္လိမ္းေပးလိုက္ပါ။ တစ္ေန႔ တစ္ႀကိမ္ခန္႔ ျပဳလုပ္ေပးမယ္ဆို ဒဏ္ရာအက်က္ျမန္ပါတယ္။