သစ်သီးဝလံများ စားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။

သို့သော် သစ်သီးတစ်မျိုးချင်းစီမှာ ပါဝင်တဲ့ အာဟာရဓာတ်များ၊ ဗီတာမင်နဲ့ သတ္တုဓာတ်များက မတူညီတဲ့အတွက်ကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေကလည်း ကွဲပြားခြားနားသွားတတ်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုသစ်သီးတွေ စားမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ချင်ပါတယ်။

Grapefruit

Grapefruit သီးထဲမှာ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ Grapefruit သီးကို စားသုံးမယ်ဆိုရင် အင်ဆူလင် ခုခံနိုင်စွမ်း၊ ကိုလက်စတော ပမာဏများကို လျော့ချပေးပြီး သည်းခြေကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

နာနတ်သီး

အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့နာနတ်သီး

နာနတ်သီးကတော့ ဗီတာမင်စီနဲ့ မဂ္ဂနီစီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ နာနတ်သီးကို စားသုံးပေးမယ်ဆိုရင်တော့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တဲ့ ကျန်းမာရေးနှင့် ညီညွှတ်သောအဆီဓာတ်နှင့် ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

ဘလူးဘယ်ရီသီး

ဘယ်လူးဘယ်ရီသီးမှာ ပါဝင်တဲ့ Antioxidants များက ဦးနှောက်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အသက်အရွယ်ကြီးရင့်သူများ စားသုံးပေးမယ်ဆိုပါက မှတ်ဉာဏ်စွမ်းအား ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါဘယဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

ပန်းသီး

ပန်းသီးမှာ အာဟာရဓာတ်များ၊ Antioxidants နဲ့ အမျှင်ဓာတ်များ ပါဝင်ပါတယ်။ ထိုအမျှင်ဓာတ်များက အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးပါတယ်။

သရက်သီး

သရက်သီးထဲမှာတော့ ဗီတာမင်စီနဲ့ ပျော်ဝင်အမျှင်ဓာတ်များ ပ ါဝင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ သရက်သီးမှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်းများက ဆီးချိုရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်လို့ သိရှိရပါတယ်။

သံပုယိုသီး၊ သံပုရာသီးများ

သံပုရာသီးများက ဗီတာမင်စီပါဝင်ပြီး သူတို့ရဲ့အပင်ဒြပ်ပေါင်းများက နှလုံးအားကောင်းစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်နှင့် အသည်းရှိအဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးတာကြောင့် ကျောက်ကပ်နှင့် အသည်းကျန်းမာရေးအတွက် များစွာအကျိုးပြုစေပါတယ်။

ဖရဲသီး

ဖရဲသီးကို ဘာကြောင့် စားသင့်သလဲ

ဖရဲသီးကို ရေဓာတ် ၉၂ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ရေဓာတ်မြင့်မားစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သစ်သီးတစ်မျိုးပါ။

ငှက်ပျောသီး

မမှည့်သေးတဲ့ အစိမ်းရောင်ငှက်ပျောသီးမှာ ကစီဓာတ်များ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် စားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဗိုက်အမြန်ပြည့်အောင် ကူညီပေးပါတယ်။ ငှက်ပျောသီးမှည့်တွေကိုတော့ လေ့ကျင့်ခန်းမပြုလုပ်ခင်မှာ စားသုံးပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် လောင်စာစွမ်းအင်များ ဖြည့်ဆည်းပေးနိုင်ပါတယ်။

Source: Healthline.com