ကမ္ဘာပေါ်မှာ လူနှစ်မျိုး နှစ်စားခွဲရမယ်ဆိုရင် ဒူးရင်းသီးကြိုက်တဲ့သူရယ် ဒူးရင်းသီး မကြိုက်တဲ့သူ ဆိုပြီးတော့ နှစ်မျိုးကွဲသွားပါလိမ့်မယ်။ ဒူးရင်းသီးအနံ့ကို မခံနိုင်လွန်းလို့ မစားကြတဲ့သူတွေ ရှိသလို ဒူးရင်းသီးကိုမှ ကြိုက်နှစ်သက်လွန်းလို့ တမ်းတမ်းစွဲကြတဲ့သူတွေလည်း ရှိကြပါတယ်။

ဒီဆောင်းပါးလေးကတော့ ဒူးရင်းသီးကြိုက်နှစ်သက်သူတွေအတွက် ရည်ရွယ်ထားပါတယ်။ဒူးရင်းသီး စားသုံးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဗဟုသုတအနေနဲ့ သိရှိသွားရအောင်လို့ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

စွမ်းအင်များကို ဖြည့်တင်းပေးခြင်း

Source: Freepik.com

ဒူးရင်းသီး ၁၀၀ ဂရမ်မှာ သင် တစ်နေ့တာ လိုအပ်တဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ် ၂၁ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ကာဘိုဟိုက်ဒြိုက်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဒူးရင်းသီးကို စားသုံးပေးမယ်ဆိုရင် သင့်ကို စွမ်းအင်တွေ ဖြည့်တင်းပေးပြီး ရွှင်လန်းတက်ကြွစေပါလိမ့်မယ်။

အရိုးနှင့် သွားများကို ကြံ့ခိုင်သန်မာစေခြင်း

သွားတွေ ဖြူဖွေးလာစေမယ့် သဘာဝဆေးနည်း

ဒူးရင်းသီးထဲမှာ ကယ်လ်စီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်နဲ့ ဗီတာမင် ဘီတို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အရိုးနှင့် သွားများကို ကြံ့ခိုင်သန်မာစေပါတယ်။

စိတ်ကျရောဂါမဖြစ်ပွားအောင် တိုက်ဖျက်ပေးတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်

Source: Doemal.com

သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ Serotonin ဓာတ် လျော့နည်းနေမယ်ဆိုရင် စိတ်ကျရောဂါ ခံစားရနိုင်ချေများတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ ဒူးရင်းသီးမှာ Serotonin ဓာတ်ကို ထုတ်လုပ်ပေးနိုင်တဲ့ ဗီတာမင် B6  များကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဒူးရင်းသီး စားသုံးသူများက စိတ်ကျရောဂါ ခံစားရနိုင်ချေ နည်းပါးပါတယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

Source: Quora.com

ဒူးရင်းသီးထဲမှာပါဝင်တဲ့ အမျှင်ဓာတ်က အစာအိမ်အတွက် အကူအညီဖြစ်စေတာကြောင့် ဒူးရင်းသီးစားသုံးပါက ဝမ်းချုပ်ခြင်း၊ လေထိုးလေအောင့်ခြင်းတို့မှ ကင်းဝေးခြင်း၊ အစာကြေလွယ်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ခံစားရရှိနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း

Source: WordPress.com

ဒူးရင်းသီးထဲမှာ ပါဝင်တဲ့ မဂ္ဂနိစ်ဓာတ်က ခန္ဓာကိုယ်ထဲရှိ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အတွက်ကြောင့် ဆီးချိုသမားများအနေနဲ့ စိုးရိမ်စိတ်ကင်းစွာ စားသုံးနိုင်ပါတယ်။

Source: Stylecraze.com