ကမ္ဘာပေါ်မှာ ပန်းသီးအမျိုးအစား အမျိုးမျိုးရှိသည့်အနက် လူကြိုက်အများဆုံး ပန်းသီးကတော့ အနီရောင် ပန်းသီးပဲဖြစ်ပါတယ်။ အစိမ်းရောင်ပန်းသီးကတော့ အနီရောင်ပန်းသီးထက်စာရင် အချိုပေါ့ပါတယ်။ ဒါပေမဲ့ အစိမ်းရောင်ပန်းသီးက ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူး တွေကလည်း မနည်းမနောပါပဲ။

ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရောင်ပန်းသီး စားသုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကတော့…

အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း

အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းများ

သုတေသနလေ့လာချက်များအရ အစိမ်းရောင်ပန်းသီးဖျော်ရည်ကို မှန်မှန်သောက်သုံးသူများအနေနဲ့ ပန်းနာရင်ကြပ်ရောဂါ ခံစားရနိုင်ချေကို ၂၃ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဆေးလိပ်အလွန်အကျွံသောက်သုံးသူများအနေနဲ့လည်း အစိမ်းရောင်ပန်းသီးဖျော်ရည်ကို မှန်မှန်မှီဝဲသင့်ပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်အောင် ကူညီပေးခြင်း

Source: Shutterstock.com

အစိမ်းရောင်ပန်းသီးဖျော်ရည်ထဲမှာ သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး သွေးမခဲအောင် ကူညီပေးတဲ့ ဗီတာမင်ကေဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

အမျိုးသမီးများအနေနဲ့ လစဉ်ဓမ္မတာလာတဲ့အခါ ရာသီသွေးများ အလွန်အကျွံဆင်းတတ်တယ်ဆိုရင်တော့ အစိမ်းရောင်ပန်းသီးဖျော်ရည်ကို မှန်မှန်သောက်သုံးသင့်ပါတယ်။

အရိုးအဆစ်များ ကျန်းမာသန်စွမ်းစေခြင်း

အစိမ်းရောင်ပန်းသီးမှာ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုကယ်လ်စီယမ်ဓာတ်က အရိုးအဆစ်နဲ့ သွားများ ကျန်းမာကြံ့ခိုင်ဖို့အတွက် မရှိမဖြစ်လိုအပ် အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။ အမျိုးသမီးများ သွေးဆုံးခါနီးအချိန်မှာ အစိမ်းရောင်ပန်းသီးကို ဖျော်ရည်အနေနဲ့ပဲဖြစ်ဖြစ် အသီးအနေနဲ့ပဲဖြစ်ဖြစ် မှန်မှန်စားသုံးသင့်ပါတယ်။ ဒီလိုစားသုံးပေးခြင်းအားဖြင့် အရိုးပွရောဂါနှင့် အရိုးအားနည်းခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ချရာမှာ ကူညီပေးခြင်း

Source: Drtaylorwallace.com

အစိမ်းရောင်ပန်းသီးထဲမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး သကြားဓာတ်နှင့် အဆီဓာတ်တို့ နည်းပါးတဲ့အတွက်ကြောင့် ဗိုက်မဆာအောင် တားဆီးပေးတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဝိတ်ကျချင်သူများအနေနဲ့ အစိမ်းရောင်ပန်းသီးကို နေ့စဉ်မှန်မှန်စားသုံးပေးလိုက်ပါ။

အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

Source: Bostonmagazine.com

အစိမ်းရောင်ပန်းသီးထဲမှာ အသည်းထဲမှာ အနေထိုင်နေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ အစွမ်းထက် Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထို Antioxidants များက အသည်း ထိခိုက်ပျက်စီးမှု မရှိအောင် ကူညီပေးပါလိမ့်မယ်။

Source: Stylecraze.com