ချဥ်ပေါင်ရွက် စတင်ပေါ်ပေါက်ရာနေရာကတော့ အာဖရိကတိုက်မှာပဲဖြစ်ပါတယ်။ ထိုမှတဆင့် အပူပိုင်းဒေသတွေမှာ တဖြည်းဖြည်းစိုက်ပျိုးစားသုံးရာကနေ အိန္ဒိယနိုင်ငံ၊ ထိုမှဆင့် အရှေ့တောင်အာရှနိုင်ငံအနှံ့မှာ ပြန့်နှံ့လာပါတော့တယ်။

ချဥ်ပေါင်ရွက်ကို လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုလာကြတာပါ။ ချဥ်ပေါင်ရွက်က ပုံမှန်အားဖြင့် သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းနဲ့ အရက်နာကျခြင်းတို့ကို ကုသပေးနိုင်ပါတယ်။ တချို့နေရာတွေမှာဆိုရင် ချဥ်ပေါင်ရွက်ကို ထောင်းပြီး ညှစ်လိုက်ကာ ရရှိလာတဲ့အရည်ကို မျက်စိအတွင်းသာရောင်ရမ်းခြင်းအတွက် အသုံးပြုသလို နေလှန်းအခြောက်ခံပြီး အမှုန့်ကြိတ်ချေလိုက်တဲ့အခါမှာတော့ ပွန်းပဲ့ဒဏ်ရာများ၊ ပြည်တည်နာများအတွက် အသုံးပြုကြပါတယ်။

သူ့ရဲ့ အားသာချက်တွေက ဒီမှာတင် ရပ်မသွားပါဘူး။ အခြားကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ဓမ္မတာနာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

Source: bustle.com

ချဥ်ပေါင်ရွက် စားသုံးခြင်းက ဓမ္မတာစဉ် ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ ထိုအချိန်မှာ အမျိုးသမီးများ ခံစားရလေ့ရှိတဲ့ စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစား အလွန်အကျွံစားသုံးခြင်း စတဲ့ လက္ခဏာများကို လျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများ ညီမျှမှုရှိအောင် ကူညီပေးပါတယ်။

ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးခြင်း

ချဥ်ပေါင်ရွက်ကို ကြော်စား၊ ချက်စားရုံသမကာ ဟင်းရည်လုပ်သောက်နိုင်သလို လက်ဖက်ရည်ကဲ့သို့လည်း သောက်သုံးနိုင်ပါသေးတယ်။ ချဥ်ပေါင် လက်ဖက်ရည်မှာဆိုရင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး ထိုဗီတာမင်စီက သင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပံ့ပိုးပေးတဲ့အပြင် ခုခံစွမ်းအားမြင့်မားလာအောင်လည်း ကူညီပေးပါသေးတယ်။

ကိုယ်ခံစွမ်းအားမြင့်မားတဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ရန်မှ ကင်းဝေးပါလိမ့်မယ်။

အစာချေစနစ်ကို ကူညီပေးခြင်း

Stomach Health

ချဥ်ပေါင်ရွက်စားသုံးခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

သကြားဓာတ်၊ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များတဲ့ အစားအစာများကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် သင့် ခန္ဓာကိုယ်က ဝိတ်တက်လာပါလိမ့်မယ်။ ချဥ်ပေါင်ရွက်ကတော့ ထိုကစီဓာတ်နဲ့ ကလူးကို့စ်ဓာတ် ပါဝင်မှုများကို စုပ်ယူပစ်နိုင်တဲ့ အစွမ်းသတ္တများ ပိုင်ဆိုင်ထားတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အသင့်တော်ဆုံးအစားအစာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း

ချဥ်ပေါင်ရွက်ထဲမှာ Flavonoids လို့ခေါ်တဲ့ စိတ်ကျရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်အောင် ကူညီပေးပြီး ကိုယ် စိတ်နှလုံး အေးချမ်းတည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ချဥ်ပေါင်ရွက်တင် ကျန်းမာရေးအတွက်အကျိုးပြုတာမဟုတ်ပါဘူး။ ချဥ်ပေါင်သီးကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းတာကြောင့် ယိုထိုးပြီးလည်း စားသုံးနိုင်သလို အရည်ဖျော်သောက်လို့လည်း ရပါသေးတယ်။

Source: Rhymbahillstea.com