သင်က အမြဲတမ်းလိုလို တစ်ခုမဟုတ်တစ်ခုစားချင်နေပြီး ကိုယ်အလေးချိန်လျော့ဖို့လည်း ဆန္ဒရှိပါသလား။ ကယ်လိုရီအနည်းငယ်ဘဲ ပါဝင်တာတဲ့ ဘယ်အချိန်၊ဘယ်လောက်များများ စားစား ကိုယ်အလေးချိန် မတက်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ဂေါ်ဖီပန်းပွင့်

ဂေါ်ဖီပန်းပွင့်က ဗီတာမင် C နဲ့ K တို့ ကြွယ်ဝစွာပါဝင်နေပါတယ်။ အဲ့ဒီအပြင် အစိမ်းစားရင် ပိုပြီး အဟာရ ရှိပါတယ်။ ကယ်လိုရီ ၂၅လောက်ဘဲ ပါဝင်ပါတယ်။

as7

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Lycopene၊ ဗီတာမင် A,C,B2 ၊ ဖောလစ် အက်ဆစ်၊ အမျှင်ဓာတ်၊ ချိုမီယမ် နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်ပါတယ်။ သူတို့ ကယ်လိုရီ မရှိသလောက် နည်းပါးပြီး ကျန်းမာရေးနဲ့ သင့်လျော်တဲ့ အဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ကယ်လိုရီ အများဆုံး ၂၅လောက်ဘဲ ပါဝင်ပါတယ်။

as8

ဂေါ်ဖီပန်းပွင့်စိမ်း

ဂေါ်ဖီပန်းပွင့်စိမ်းကတော့ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေ စားလေ့ရှိတဲ့ အစားအစာပါဘဲ။ သူ့မှာ ဗီတာမင် A,C,E နဲ့ K တို့ပါဝင်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။ ကယ်လိုရီ အများဆုံး ၃၁လောက်ဘဲ ပါဝင်ပါတယ်။

as9

ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဆုပ်ကို လူတိုင်းက ချိုတော့ ကယ်လိုရီများမယ်လို့ ထင်ကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သူ့မှာ အများအားဖြင့် လေနဲ့ဘဲ လုပ်ထားတာပါ။ ဒါကြောင့်ကိုယ်အလေးချိန် တက်မှာမပူဘဲနဲ့ စားလို့ရပါတယ်။ ကယ်လိုရီ အများဆုံး ၃၁လောက်ဘဲ ပါဝင်ပါတယ်။

as12

Grapefruit

Grapefruit က သွေးအတွင်း သကြားဓာတ်ကို ထိန်းပေးနိုင်တဲ့အပြင်မှာ သူ့မှာ ဗီတာမင် C တွေကြွယ်ဝစွာပါဝင်နေပြီး ကယ်လိုရီပါဝင်မှုလည်းနည်းပါတယ်။ ခါးပတ်လည်က အဆီတွေလျော့ချသွားအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကယ်လိုရီ ၅၀ လောက်ဘဲ ပါဝင်ပါတယ်။

as16

လိမ္မော်သီး

လိမ္မော်သီးကလည်း အရသာရှိတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ ဗီတာမင်စီတွေကြွယ်ဝစွာပါဝင်ပါတယ်။ အမျှင်ဓာတ်တွေအများကြီးပါဝင်ကာ သွေးအတွင်း ကိုလက်စထရောဓာတ်ကိုလည်း ကျဆင်းစေပါတယ်။ ကယ်လိုရီကတော့ အများဆုံး ၈၀ လောက်ပါဝင်ပါတယ်။

Featured Image Source: Fit Yourself Club