အားလုံးပဲ မင်္ဂလာပါ။ အသားကင် ကြိုက်နှစ်သက်သူတွေအနေနဲ့ အဆင်သင့်စားသုံးလို့ရမယ့် ရယ်ဒီမိတ်အသားကင်အထုပ်တွေကို စူပါမားကတ်တွေမှာ ဝယ်ပြီး အိမ်မှာ ကင်စားကြသလို၊ တွန်းလှည်းလေးနဲ့ ရောင်းတဲ့ အသားကင်တွေကိုလည်း ဝယ်စားကြပါတယ်။

ဒါပေမဲ့ အဲ့ဒီအသားကင်များက ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အသားကင်ကို အိမ်မှာ လွယ်လွယ်ကူကူလုပ်စားနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ အားလပ်ရက်တွေမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ အိမ်မှာ တပျော်တပါးလုပ်စားလို့လည်း ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား (သို့) အရိုးဖယ်ထားသည့် ကြက်ပေါင်သား ၈ တုံး
  • ပါးပါးလှီးထားသော စပါးလင် ပန်းကန်လုံး လေးပုံ တစ်ပုံခန့်
  • ကြက်သွန်နီ ဥသေး ၂ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မွှာ
  • ငရုတ်သီးအနီတောင့် ၂ တောင့်
  • ပါးပါးလှီးထားသော ချင်းအနည်းငယ်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • တရုတ်နံနံ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် အနှောက် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၆ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အသားထိုးရန် တုတ်ချောင်း တစ်ထုပ်

ပြုလုပ်နည်း အဆင့်ဆင့်

ပထမအဆင့်အနေနဲ့ ပါဝင်ပစ္စည်းများကို စုထားလိုက်ပါ။ ပြီးရင် ဟင်းအနှစ်ပြုလုပ်ရန်အတွက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်တောင့်၊ ချင်း၊ နနွင်းမှုန့်၊ နံနံပင်၊ ပဲငံပြာရည် အနှောက်၊ ငါးငံပြာရည်၊ သကြားအညို၊ ဟင်းရွက်ဆီတို့ကို စားစရာများကို တုံးတစ်ရောနှောသည့်စက် (Food Processor) ထဲ ထည့်မွှေပေးလိုက်ပါ။

သေချာမွှေပေးပြီပါက အရသာ အပေါ့အငန် အစပ်မြည်းကြည့်လိုက်ပါ။ အပေါ့အငန်လိုအပ်ပါက သကြား၊ ငါးငံပြာရည် ချင့်ထည့်ပေးပါ။ အရသာစပ်စပ်လေး ကြိုက်နှစ်သက်ပါက ငရုတ်သီးတောင့် ထပ်ထည့်ပေးပါ။

အမဲသား (သို့) ကြက်သားကို အတုံးသေးသေးတုံးလိုက်ပါ။

ထို့နောက် ကြက်သားကို ပန်းကန်လုံးအကြီးထဲထည့်ပြီး ဟင်းအနှစ်များကို ရောနယ်ပေးလိုက်ပါ။ ဟင်းအနှစ် အသားထဲစိမ့်ဝင်သွားဖို့အတွက် ၂ နာရီကြာ သိပ်ထားပေးပါ (တစ်ညသိပ်ထားမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်ပါတယ်)

အသားကို ဟင်းအနှစ်နဲ့ သိပ်ပြီးသွားတဲ့အခါမှာတော့ တုတ်ချောင်းထဲ ထိုးထည့်လိုက်ပါ။ ဒါဆိုရင်တော့ ကင်ဖို့အဆင်သင့်ဖြစ်သွားပါပြီ။

အဲဒီနောက်မှာ အသားကင်တဲ့ မီးဖိုပေါ်မှာ ကင်ပေးလိုက်ပါ။ အသားမတူးဖို့ရန်အတွက် ဟိုဘက်ဒီဘက် မကြာခဏလှန်ပေးပါ။ ကင်နေတဲ့အချိန်မှာလည်း ပန်းကန်ထဲမှာ ကျန်ခဲ့တဲ့ ဟင်းအနှစ်အရည်ကို သုတ်လိမ်းပေးလို့လည်း ရပါတယ်။

အသားကင်တစ်ချောင်းရဲ့ အသားအထူအပါးပေါ်မူတည်ပြီး ၁၀ မိနစ်ခန့် (သို့) မိနစ် ၂၀ ခန့် ကင်ပြီးတဲ့အခါမှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ထိုင်းရိုးရာ အသားကင်စစ်စစ်ကို သုံးဆောင်နိုင်ပါပြီ။

Source: www.thespruceeats.com