ငှက်ပျောသီးက ဈေးချိုတယ်၊ အာဟာရရှိတယ်၊ အရသာကောင်းတယ်ဆိုတဲ့ အချက်တွေကြောင့် လူကြိုက်များကြပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းလောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါသေးတယ်။

၁။ အစာအိမ်ကို ကျန်းမာစေတယ်

ငှက်ပျောသီးမှာ အမျှင်ဓာတ်များပြီး ကာဗိုဟိုက်ဒရိတ် ဓာတ်တွေလည်းမြင့်မားတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးရဲ့ လှုပ်ဆောင်မှုကို ထောက်ပံ့ပေးပါတယ်။ ငှက်ပျောသီးမှာ အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်မှုကနေ လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး စားသုံးခြင်းဖြင့် အစာအိမ် ကင်ဆာကို ဖြစ်နိုင်မှုနှုန်းကိုလည်း လျော့ကျစေပြီး သင့်မှာ အစာအိမ် ပြဿနာရှိရင် ငှက်ပျောသီးကို ထည့်သွင်းစားသုံးခြင်းဖြင့် အစာခြေအားကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။

Bananas-1024x683

၂။ ပိုတက်စီယမ် ဓာတ်

ကျွန်ုပ်တို့နေ့စဉ် ဘ၀ လှုပ်ရှားမှုများအတွက် ပိုတက်ဆီယမ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ရရှိဖို့ အလွယ်ဆုံးနည်းလမ်းက ငှက်ပျောသီးကိုစားပေးတာပါဘဲ။ စိတ်ဖိစီးမှုများနေရင်လည်း ငှက်ပျောသီးကိုစားလိုက်ပါ။ ဒါဆို ပိုတက်စီယမ် ရရှိပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။ စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်တွင်းက ပိုတက်စီယမ်ဓာတ်ကို လျော့ကျစေတာကြောင့် ငှက်ပျောသီးစားပြီး ပိုတက်ဆီယမ်ဓာတ်ကို ပြန်ဖြည့်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။

၃။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးခြင်း

ပိုတက်ဆီယမ်ဓာတ် ခန္ဓာကိုယ်ထဲမှာ လုံလောက်နေရင် ဆီးကနေ ကယ်ဆီယမ်ဓာတ် ထွက်သွားဖို့ အခွင့်အလမ်းလည်းနည်းပါတယ်။ ဒါက ကျောက်ကပ်ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပြီး ကျောက်ကပ်မှာ ကျောက်တည်မှုအန္တရာယ်ကိုလည်း လျော့ချပေးပါတယ်။

sport woman

၄။ အရိုးကို ခိုင်မာစေတယ်

ငှက်ပျောသီးမှာ Fructooligosaccharide ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့် အဟာရတွေကို အလွယ်တကူစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ကယ်ဆီယမ်ဓာတ်တွေကို ပိုမို စုပ်ယူနိုင်ပြီး ကယ်ဆီယမ်ဓာတ်ကို မဆုံးရှုံးစေတဲ့ ဓာတ်လည်း ငှက်ပျောသီးမှာ ပါဝင်နေတာကြောင့် အရိုးကျိုးတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အားကစားသမားတွေအတွက်တော့ အဖော်မွန်ပါပဲရှင်။

၅။ သွေးတိုးခြင်းမှ ကာကွယ်ခြင်း

ငှက်ပျောသီးမှာ ကယ်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်ပြီး ဆိုဒီယမ် ပမာဏလျော့နည်းတာကြောင့် သွေးတိုးမှုကနေ ကာကွယ်ပေးပါတယ်။ သွေးတိုးတဲ့သူတွေအနေနဲ့ ငှက်ပျောသီးကို များများစားပေးသင့်ပါတယ်။

၆။ စွမ်းအင်တွေကို မြှင့်တင်ပေးခြင်း

မနက်ခင်း မနက်စာစားချိန် ဒါမှမဟုတ် ပြင်းပြင်း ထန်ထန် အလုပ်လုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်တဲ့အခါမှာ စွမ်းအင်ဖြည့် အချိုရည် တွေအစား ငှက်ပျောသီးကို စားသုံးပေးနိုင်ပါတယ်။

Eye-Sight

၇။ အမြင်အာရုံ ပိုကောင်းလာခြင်း

နေ့တိုင်းနီးပါး ငှက်ပျောသီး စားပေးရင် အမြင်အာရုံ ပိုကောင်းလာပြီး မျက်စိမှုန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ငှက်ပျောသီး ၃လုံးလောက် စားပေးပါက အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်လုံးကြွက်သား အားပျော့တာကြောင့် မျက်စိမှုန်ခြင်းများကို လျော့ကျပေးပါတယ်။

၈။ စိတ်ကြည်လင်ခြင်း

ငှက်ပျောသီးမှာ Tryptophan နဲ့ အမိုင်နိုအက်ဆစ် (Amino Acid) တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာ Serotonin ဓာတ်ကို ထုတ်ပေးကာ အဲ့ဒီဓာတ်က စိတ်ကို တည်ငြိမ် အေးချမ်းအောင် သဘာဝနည်းဖြင့် လုပ်ဆောင်ပေးပါတယ်။