ပူပြင်းခြောက်သွေ့လွန်းလှတဲ့ နွေရာသီအချိန်ကိုရောက်လာပြီဆိုရင်တော့ အပူချိန်ကိုလျော့ချဖို့အတွက် အကောင်း ဆုံးကတော့ သစ်သီးဖျော်ရည်တွေကို သောက်သုံးပေးခြင်းဖြစ်ပါတယ်။ အားလုံးထဲကမှ သခွားသီးစိမ်ရေကတော့ ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ရေငတ်ပြေစေမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အတွက် သခွားသီးစိမ်ရေကို သောက်သုံးခြင်းဖြင့်ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဝေမျှပေးလိုက်တယ်နော်။

၁။ လတ်ဆတ်တဲ့သခွားသီးကို စားသုံးခြင်းသည် သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ခြင်းနှင့် ညီမျှမှုရှိခြင်း

အစာအိမ်မှာအပူလွန်ကဲမှုဟာ ခံတွင်းနံ့ဆိုးမှုကိုဖြစ်ပေါ်စေတယ်ဟု ရှေးခေတ်ပညာရှင်တစ်ဦးက ဖော်ပြထားပါတယ်။ သခွားသီးဟာ အအေးစာအသီးအနှံ ဖြစ်သည့်အတွက် ခံတွင်းနှင့်ဆိုင်သည့် ပြဿနာတွေကို ပျောက်ကင်းစေမှာပါ။ သခွားသီးမှာပါဝင်တဲ့ ရေဓာတ်က ခံတွင်းနံ့ဆိုးဝါးမှုကို ဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားပေါက်ဖွားမှုကို ဟန့်တားပေး သည့်အတွက် ယခင်ကထက် ခံတွင်းနံ့သင်းပျံ့လာစေမှာဖြစ်ပါတယ်။

2

၂။ သခွားသီးစိမ်ရေသည် ကျန်းမာကြံ့ခိုင်သည့် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ခြင်း

ကယ်လိုရီပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပြီး ကျစ်လျစ်သန်စွမ်းသော ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းနိုင်အောင်ကူညီပေးမှာပါ။ သခွားသီးတစ်ပန်းကန်တွင် ကယ်လိုရီ (၂၀) ထက် ပိုမပါဝင်နိုင်သောကြောင့် အဆာပြေအနေဖြင့်စားသုံးရန် အထူးကောင်းမွန်သည့် ကယ်လိုရီအ နည်းဆုံး သစ်သီးတစ်မျိုးပင်ဖြစ်ပေသည်။ အခြားအသီးအနှံများနှင့် မတူဘဲ သခွားသီးတွင် ကြွပ်ရွသောအရသာရှိပြီး ကယ်လိုရီနှင့်ပတ်သတ်၍ လုံးဝပူစရာမလိုဘဲ မိမိတို့ရဲ့ပါးစပ်အာသာကို ဖြေဖျောက်နိုင်မှာ ဖြစ်ပါသည်။

3

၃။ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများကိုကာကွယ်ပေးခြင်း

သခွားသီးများတွင် Fisetin ခေါ်သည့် Anti-Inflammatory Flavonol ပါဝင်သောကြောင့် သင်တို့၏ဦးနှောက်ကို ပိုမိုကျန်းမာနုပျိုစေမှာဖြစ်ပါသည်။ ဒါ့အပြင် လေ့လာမှုများအရ အယ်ဇိုင်းမာရောဂါခံစားနေရသော ရောဂါရှင်များ၏ သိမြင်နိုင်စွမ်းရှိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ရေရှည်အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးသည်ဟူ၍လည်း ဖော်ပြချက်များရှိပေသည်။

၄။ ဗီတာမင်နှင့်သတ္တုဓာတ်များ ထပ်ပေါင်းပါဝင်ခြင်း

သခွားသီးသည် နေ့စဉ်ပုံမှန်မြင်တွေ့နေရသော အသီးအနှံအမျိုးအစားတစ်ခု ဖြစ်သော်ငြားလည်း အာဟာရဓာတ်ကြွ ယ်ဝသောအကျိုးကျေးဇူးတို့ အမြောက်အမြား ပေါင်းစပ်ပါဝင်ပါသည်။ သခွားသီးတစ်လုံးတွင် ဗီတာမင်အေ၊ ဘီ-၆ နှင့် ဗီတာမင်စီတို့အပြင် မဂ္ဂနီဆီယမ်ဓာတ်နှင့် ကယ်လ်စီယမ်ဓာတ်တို့လည်း ရောစပ်ပါဝင်သည့်အတွက်ကြောင့် အထူး ပင်ရွေးချယ်စားသုံးသင့်ပေသည်။

4

၅။ ရေဓာတ်ကိုထိန်းသိမ်းပေးခြင်း

အစာစားမှုလွန်ကဲခြင်း၊ လေးလံထိုင်းမှိုင်းခြင်းများ ဖြစ်ပေါ်ရခြင်းမှာ ရေဓာတ်ကုန်ခမ်းခြင်းကြောင့်ပင်ဖြစ်ပေသည်။ ထို့ အပြင်ပူအိုက်ခြောက်သွေ့သော နွေအပူထဲတွင် နေထိုင်ရသက်သာစေရန် ပုံမှန်အချိန်များထက် ရေကိုပိုမိုတောင့် တကြပေသည်။ ထိုအချိန်များတွင် ရိုးရိုးရေကိုသောက်သုံးခြင်းထက် သခွားသီးစိမ်ရေကို သောက်သုံး ခြင်းက ရေမကြာ ခဏဆာခြင်းကို သက်သာစေမှာဖြစ်ပါသည်။

5

၈။ အသားအရေအတွက် အထူးကောင်းမွန်ခြင်း

သခွားသီးများတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးက ဝက်ခြံနှင့် အခြားအသားအရေဆိုင်ရာ ပြဿနာများဖြစ်ပေါ်မှုမှ ကာ ကွယ်ပေးပါတယ်။ အချို့လူများသခွားသီးကိုလှီးပြီး မျက်နှာပေါ် ပေါင်းတင်တာကိုမြင်တွေ့ဖူးကြမှာဖြစ်ပေမယ့် တကယ်တမ်းအကျိုးကျေးဇူးတွေကို ပိုခံစားချင်တယ်ဆိုရင်တော့ ရေစိမ်သောက်တာက အကောင်းဆုံးပဲဖြစ်ပါတယ်။