ကြက်ဥတို့ ကြက်သားတို့ဆိုတာကတော့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥကို စားသုံးပေးခြင်းက ကျန်းမာရေးအတွက် အမှန်တကယ်ရော ကောင်းကျိုးပေးရဲ့လား။

တချို့လူတွေက ကြက်ဥ နေ့တိုင်းစားသုံးပါက ဉာဏ်ထိုင်းတတ်တယ်လို့ ပြောတတ်ကြပါတယ်။ တစ်ခါတလေမှာ တစ်ဆင့်စကား တစ်ဆင့်နား ကြားလာရင်းနဲ့ အမှားက အမှန်ဖြစ်သွားတတ်တဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။

ဒါ့ကြောင့် မှားနေတဲ့အယူအဆမှားတွေ ထင်မြင်ချက်တွေကို အဝေးသို့ လွှင့်ပစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ ခိုင်လုံတဲ့အချက်များကို ဆက်ဖတ်ကြည့်ရအောင်။

မှတ်ဉာဏ်စွမ်းအား လျော့ကျခြင်းမှ ကာကွယ်ပေးခြင်း

သင့်ဦးနှောက်ဆဲလ်များ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ရန်အတွက် Phospholipids ဓာတ်တစ်မျိုးလိုအပ်ပါတယ်။ ထိုဓာတ်ထဲတွင် Choline ပါဝင်ပြီး ကြက်ဥနေ့တိုင်း စားသုံးပေးခြင်းက Choline ဓာတ်ချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် မှတ်ဉာဏ်စွမ်းအား လျော့နည်းခြင်းဖြစ်ရပ်မျိုးမှ ကင်းဝေးပါလိမ့်မယ်။

အသည်း ကျန်းမာရေးအတွက်သာမက အသားအရေအလှအပနှင့် ဆံကေသာအလှအပအတွက်ပါ အကျိုးပြုခြင်း

Source: Healthline.com

ကြက်ဥထဲမှာပါဝင်တဲ့ Biotin နဲ့ ဗီတာမင် B12 ဓာတ်နဲ့ ပရိုတင်းဓာတ်များက ဆံကေသာနှင့် အသားအရေလှပ ကျန်းမာဖို့အတွက် ကူညီပေးပါတယ်။ ဒါ့အပြင် သူ့အထဲမှာပါဝင်တဲ့ Phospholipids ဓာတ်က အသည်းထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် အသည်းကျန်းမာရေးအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။

အမြင်အာရုံကောင်းမွန်စေခြင်း

လေ့လာချက်အသစ်တစ်ခုအရ ကြက်ဥထဲမှာ Lutein ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထို Lutein ဓာတ်က အမြင်အာရုံကြည်လင်စူးရှစေဖို့ တာဝန်ယူပေးပြီး အကယ်၍ သင့်မှာ Lutein ဓာတ် လျော့နည်းသွားမယ်ဆိုရင်တော့ မျက်စိတစ်သျှူးကို ထိခိုက်စေတဲ့ အမှုန်အမွှားများ မျက်စိမှာ စုပုံနေလာပါလိမ့်မယ်။

ကိုယ်အလေးချိန် လျော့နည်းသွားပြီး အသားကျစ်လာခြင်း

Source: Hindustantimes.com

အမေရိကန် သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ မနက်စာ စားတဲ့အခါ ကယ်လိုရီဓာတ်နည်းပါးတဲ့ အစားအစာတစ်မျိုးနဲ့ ကြက်ဥကို တွဲစားမယ်ဆိုရင် ပုံမှန်ထက်စာရင် ကိုယ်အလေးချိန် နှစ်ဆလောက် မြန်မြန်ကျတယ်လို့ ပြောကြပါတယ်။

သင့်အနေနဲ့ ဝိတ်လျော့ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို စမ်းသပ်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။

Source: Brightside.me