ကြက်သားစားတဲ့အခါ ကြက်အရေခွံကိုမကြိုက်လို့ ဖယ်စားတတ်ကြလား။ ဒါဆိုဒီစာလေးကိုဖတ်လိုက်ပါနော်။
နှလုံးရောဂါ
ကြက်အရေခွံဟာ နှလုံးရောဂါအတွက်ကောင်းမွန်တဲ့ အဆီဓါတ်ပါဝင်ပါတယ်။
ကိုလက်စရောနဲ့ သွေးဖိအား
ကြက်အရေခွံကိုစားပေးတာဟာ ကိုလက်စထရောနဲ့ သွေးဖိအားစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။
ဦးနှောက်
ငါးကြီးဆီ နဲ့ ထောပတ်သီးမှာပါတဲ့ အဆီဓါတ်ဟာ Omega-3 ပါဝင်လို့ ဦးနှောက်အတွက် အထူးကောင်းမွန်ပါတယ်။ ကြက်အရေခွံမှာလည်း Omega- 6 ပါဝင်လို့ အလားတူအကျိုးကျေးဇူးများပါတယ်။
ဟင်းအရသာပိုစေခြင်း
ကြက်အရေခွံဟာ သင့်အတွက်လိုအပ်တဲ့ ကြက်သားရဲ့အရသာကို ပိုမို ပေးစွမ်းနိုင်ပါတယ်။ ချက်ပြုတ်နေစဉ်မှာ ဟင်းအနှစ်ရည်ကိုထုတ်ပေးတာကြောင့် အရသာ ပိုရှိစေပါတယ်။ ဒီလိုကြက်အရေခွံကိုစားပေးခြင်းအားဖြင့် သကြားအလွန်အကျွံစားသုံးမှု နဲ့ ဆားအများအပြားစားသုံးမှုကို ကာကွယ်ပေးပါတယ်။
လူတွေအတွက်အသုံးဝင်တဲ့အဆီဓါတ်
ကြက်အရေခွံက အဆီတွေပါဝင်ပါတယ်။ ဒါဟာ လူတွေအတွက်လိုအပ်တဲ့အဆီဓါတ်ပါ။ ၀စေမှာမဟုတ်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချချင်သူတွေအနေနဲ့ စိုးရိမ်စရာမလိုပါဘူး။
Credit: healthnfood.com