ဗီတာမင် စီဓာတ်ကြွယ်ဝတဲ့ မန်ကျည်းသီးက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ မန်ကျည်းသီးကို ဖျော်ရည်အဖြစ် ဖျော်သောက်နိုင်သလို ဟင်းချက်တဲ့အခါမှာလည်း အချဉ်ဓာတ်ရရှိဖို့အတွက်ဆိုရင်လည်း မန်ကျည်းသီးကို အသုံးပြုနိုင်ပါတယ်။

မန်ကျည်းသီးကို အသုံးပြုပြီးတဲ့အခါမှာ မန်ကျည်းစေ့ကို လက်လွတ်စပယ် မလွှင့်ပစ်သင့်ပါတယ်။ ဘာဖြစ်လို့ မလွှင့်ပစ်သင့်လဲဆိုတဲ့ အကြောင်းအရင်းကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

ကျန်းမာရေးအတွက် ဘက်စုံအထောက်အကူပြုလို့ပဲဖြစ်ပါတယ်။ မန်ကျည်းစေ့ကို အသုံးပြုခြင်းကြောင့် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲဆိုတော့…

ဝမ်းပျက်ဝမ်းလျှောခြင်းကို သက်သာပျောက်ကင်းစေခြင်း

မန်ကျည်းစေ့ရဲ့ အပြင်ဘက်အနီရောင် အခွံက ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ ဝမ်းကိုက်ခြင်းကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။

အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းကို ကုသပေးခြင်း

Source: Fonovcentar.rs

အရိုးအဆစ်တွေ နာကျင်ကိုက်ခဲလို့ စိတ်ညစ်နေပါသလား။ မန်ကျည်းစေ့များကို အရင်ဆုံး လှော်လိုက်ပါ။ ရရှိလာတဲ့ မန်ကျည်းစေ့လှော်များကို အမှုန်ပများရအောင် ထောင်းလိုက်ပါ။ မန်ကျည်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကို ရေဖြင့် ရောနှောပြီး တစ်နေ့ နှစ်ကြိမ်လောက် သောက်သုံးပေးလိုက်ပါ။ အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတွေ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။

သွားနှင့် ခံတွင်းကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

Source: Daolusorganicproducts.co.za

တကယ်လို့ သင်က သွားကိုက်ဝေဒနာ၊ သွားဖုံးကိုက် ဝေဒနာတို့ကို မကြာခဏ ခံစားရလေ့ရှိတယ်ဆိုရင် မန်ကျည်းစေ့အမှုန့်ကို သွားဖုံးနှင့် သွားပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။

ကော်ဖီအသောက်များသူ၊ လက်ဖက်ရည်နှင့် ဆိုဒါအချိုရည်များ အသောက်များသူ၊ ဆေးလိပ်သောက်သူတွေက အခြားသူတွေထက် သွားချေးများ ကပ်ငြိနေတတ်တာကြောင့် မန်ကျည်းစေ့အမှုန့်နဲ့ ပွတ်တိုက်ပေးလိုက်မယ်ဆိုရင် သွားက ဖြူဖွေးဝင်းပလာပါလိမ့်မယ်။

အစာချေစနစ်ကို ကောင်းမွန်စေခြင်း

မန်ကျည်းစေ့မှာ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဝမ်းချုပ်ခြင်း၊ ဝမ်းကိုက်ခြင်း၊ မကြာခဏဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းတို့ မခံစားရအောင် ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

မန်ကျည်းစေ့မှာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အစွမ်းသတ္တိများ ပါဝင်တဲ့အတွက်ကြောင့် ပြင်ပမှာ ရောဂါပိုးမွှားများ ဝင်ရောက်မလာအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် မကြာခဏ ဖျားနာခြင်းမှ ကင်းဝေးပါလိမ့်မယ်။

Source: Stylecraze.com