ဖရဲသီးလို့ဆိုလိုက်တာနဲ့ ရေဓာတ်တွေပြည့်ဝပြီး စားချင်စရာကောင်းနေတဲ့ အရည်ရွှမ်းတဲ့အသီးနှံကိုပဲ အားလုံးကမြင်ကြပါတယ်။ ဖရဲသီးကစားကောင်းရုံတင်မဟုတ်ပဲ ပုံမှန်စားသုံးပေးမယ်ဆိုရင်လည်း ကျန်းမာရေးအတွက် အထောက်အကူတွေအများရှိဖြစ်စေတယ်ဆိုတာကို သိလိုက်ရပါတယ်။

အိမ်ကရေခဲသေတ္တာထဲမှာ အမြဲတမ်းထည့်ထားပေးပြီး စားချင်တဲ့အချိန်တိုင်းမှာ စားလို့ရတော့ပိုပြီးတော့ အဆင်ပြေတာပေါ့။ ဖရဲသီးကိုစားနေပြီးတော့ ခန္ဓာကိုယ်အတွက်ဘယ်လိုတွေထောက်ပံ့ပေးနိုင်တယ်ဆိုတာကို မသိထားလို့တော့မရဘူးလေ။

ရေဓာတ်ပြည့်ဝနေတဲ့အချက်ကလည်း ကျန်းမာရေးအတွက်အသင့်တော်ဆုံးအကျိုး ကျေးဇူးလို့ပြောလို့ရပါတယ်။ ဖရဲသီးကစားလိုက်တဲ့အချိန်တိုင်းမှာ အရသာလည်းပြည့်စုံပြီး အရည်ရွှမ်းတဲ့အသီးဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်တွေကို ပြည့်ဝစေတာကြောင့် ရေဓာတ်ဆုံးရှုံးမှာတွေကိုလည်း မဖြစ်စေတော့ပါဘူး။

လေ့လာမှုတွေတော်တော်များများမှာ ဖော်ပြထားတာကတော့ ဖရဲသီးအရည်မှာပါဝင်နေတဲ့ အာဟာရဓာတ်တွေက ကြွက်သားနာကျင်တာတွေကို သက်သာစေဖို့အထောက်အကူပြုနေပါတယ်တဲ့။

ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်တဲ့။ ဝိတ်ချဖို့စဉ်းစားနေတဲ့ ပျိုမေတို့အတွက်တော့ သတင်းကောင်းပဲပေါ့။ ဖရဲသီးကိုစားလိုက်လို့ ဝိတ်ကျသွားမှာမျိုးတော့မဟုတ်ဘူးနော်။ ဖရဲသီးမှာ ကယ်လိုရီသိပ်မပါဝင်တဲ့အပြင် အရည်ရွှမ်းတဲ့အသီးဖြစ်တာကြောင့် ဝိတ်လျော့နေတဲ့အချိန်မှာ စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်လည်းမတက်စေပဲ ဗိုက်ကိုလည်းပြည့်နေစေမှာပါ။

အမြင်အာရုံကိုကောင်းမွန်စေဖို့ လိုအပ်တဲ့ Vitamin A ဓာတ်ကိုလည်းဖရဲသီးကနေ အပြည့်အဝရရှိနိုင်တာကြောင့် ပုံမှန်စားသုံးပေးမယ်ဆိုရင် အမြင်အာရုံကိုကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

Photo Source: Pexels