ဂျူးဖူးက လူကြိုက်များသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ကြော်စားစား၊ ချက်စားစား အရသာရှိသလို ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိပါတယ်။

ဂျူးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ခန့်က စတင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။

ဗီတာမင် A

ဂျူးဖူးမှာ Beta-Carotene နဲ့ ဖွဲ့စည်းထားတဲ့ ဗီတာမင် A ပါဝင်ပြီး သင့်အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အဆုတ်နဲ့ ခံတွင်းကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ဗီတာမင် K

ဂျူးဖူးမှာ ဗီတာမင် K ပါဝင်ပြီး သင့်ခန္ဓာကိုယ်ရဲ့ အင်ဇိုင်းကို တက်ကြွစေသလို ဆဲလ်တွေကို ဖွံ့ဖြိုးစေပါတယ်။ အရိုးကိုလည်း သန်စွမ်း ကျန်းမာစေပါတယ်။

Antioxidant

ဂျူးဖူးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ပါဝင်တဲ့ Antioxidant တွေက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

နှလုံးကို ကျန်းမာစေခြင်း

ကိုလက်စထရော ပါဝင်မှုနည်းပြီး နှလုံးကိုကျန်းမာစေပါတယ်။ မကောင်းတဲ့ ကိုလက်စရောတွေကိုလည် းလျှော့ချပေးနိုင်ပြီး ကောင်းတဲ့ ကိုလက်စရောတွေကို မြင့်တင်ပေးပါတယ်။ သွေးလညတ်ပတ်မှုကို ကောင်းမွန်စေသလို သွေးဖိအားကိုလည်း ထိန်းပေးပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ဂျူးဖူးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိ ုကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းမွန်တယ်

ဂျူးဖူးမှာ ဖောလိတ်ဓာတ်ပါဝင်ပါတယ်။

ဂျူးဖူးမှာ ဖောလိတ်ဓာတ်များလို့ ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းမွန်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပေးသလို ကလေးရဲ့ ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ကျန်းမာပြီး ဉာဏ်ရည်ထက်မြက်တဲ့ ကလေးလေးမွေးဖို့ ဂျူးဖူးကို စားပေးသင့်ပါတယ်။