သခွားသီးဖျော်ရည်ထဲမှာ ရေဓာတ် ပါဝင်မှု မြင့်မားပြီး ဗီတာမင်နဲ့ သတ္တုဓာတ်များအပြင် အာဟာရဓာတ်များ ပြည့်ဝစုံလင်စွာ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ သခွားသီးဖျော်ရည်ကို သခွားသီးချည်းပဲ သီးသန့်ဖျော်ကာ သောက်သုံးနိုင်သလို အရသာပိုရှိဖို့အတွက် အခြားသော သစ်သီးများထည့်၍လည်း ဖျော်သောက်နိုင်ပါတယ်။ ဒီလိုအရသာရှိတဲ့ သခွားသီးဖျော်ရည်က ပေးစွမ်းတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကတော့ အံ့မခန်းပါပဲ။

ခံတွင်းအနံ့အသက်ဆိုးများကို ဖယ်ရှားပေးခြင်း

Source: Thedinnerbite.com

သခွားသီးဖျော်ရည် သောက်သုံးခြင်းအားဖြင့် ခံတွင်းထဲမှာ ကိန်းအောင်းနေတဲ့ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်ပြီး ခံတွင်းအနံ့အသက်ဆိုး မထွက်အောင် ကာကွယ်နိုင်ပါတယ်။

သခွားသီးဖျော်ရည် ဖျော်သောက်ဖို့ မအားဘူးဆိုရင်တော့ နောက်တစ်နည်းရှိပါသေးတယ်။ ထိုနည်းကတော့ … သခွားသီးကို ခပ်ပါးပါးလှီးပြီးနောက် ပါးစပ်ထဲထည့်ပါ။ ထို့နောက် လျှာ အသုံးပြုကာ သခွားသီးကို အပေါ်အာခေါင်ထဲတွင် စက္ကန့် ၃၀ ခန့် ဖိကပ်ထားလိုက်ရုံပါပဲ။

ခန္ဓာကိုယ်ကို ရေဓာတ် ဖြည့်တင်းပေးခြင်း

သခွာသီးကို ရေ ၉၅ ရာခိုင်နှုန်းဖြင့် ပြုလုပ်ထားတာဖြစ်ပြီး ရေဓာတ် ကြွယ်ဝစွာပါဝင်တဲ့ သခွားသီးဖျော်ရည်ကို သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ရေဓာတ်ပြည့်ဝနေစေမှာပဲဖြစ်ပါတယ်။

အသားအရေနှင့် ဆံကေသာအလှအပအတွက် ဆေးစွမ်းကောင်းတစ်လက်

Source: Safuha.com

သခွားသီးဖျော်ရည်ထဲမှာ ပါဝင်တဲ့ ဆာလဖာဓာတ်က ဆံကေသာ အရှည်မြန်အောင် လှုံ့ဆော်ပေးပါတယ်။ နေ့စဉ်ပုံမှန်သောက်သုံးပါက အသားအရေ ကျန်းမာလှပစေပါလိမ့်မယ်။ ဒါ့အပြင် သခွားသီးကို မျက်လုံးပေါ် ကပ်ပေးပါကလည်း မျက်စိကို ကြည်လင်အေးမြစေမှာပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

Source: Brightside.me

ကိုယ်အလေးချိန် လျော့ချချင်သူများအတွက် သခွားသီးက အမှန်ကန်ဆုံး ရွေးချယ်မှုပါပဲ။ ဒါ့အပြင် ရေဓာတ်နဲ့ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

အရိုးအဆစ်များ နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေခြင်း

Source: Cbsnews.com

သခွားသီးထဲမှာ ဆီလီကွန်ဒိုင်အောက်ဆိုဒ် ပါဝင်ပြီး ထိုဓာတ်က တွယ်ဆက်တစ်သျူးများကို သန်မာလာစေပြီး အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ လေးဘက်နာသမားများအနေနဲ့လည်း သခွားသီးဖျော်ရည် သောက်သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ထဲရှိ အက်ဆစ်ပမာဏကို လျော့ချပေးတာကြောင့် ခံစားရတဲ့ ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

စာဖတ်သူတို့လည်း သခွားသီးဖျော်ရည်ကို ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိပိုင်ဆိုင်ချင်လို့ သောက်သုံးသလဲဆိုတာကို ဝေမျှပေးခဲ့ဦးနော်။

Source: Stylecraze.com