မန်ကျည်းသီးထဲမှာ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နှင့် Carotenes တို့ ပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးကောင်းမွန်အောင် ကူညီပေးတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။ မန်ကျည်းသီးကို ဖျော်ရည် ဖျော်သောက်မယ်ဆိုရင်တော့ ချဉ်ချဉ်လေးနဲ့ သောက်လို့ကောင်းတဲ့ ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ မန်ကျည်းသီးဖျော်ရည် သောက်သုံးခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးတွေကတော့ …

မျက်လုံးအားကောင်းခြင်း

ပူပြင်းတဲ့ ရာသီဥတုနှင့် ကိုက်ညီသည့် မန်ကျည်းသီး ဖျော်ရည်

တိုင်းရင်းရိုးရာ မျက်စဉ်းဆေးတွေကို မန်ကျည်းသီးအစေ့ကနေ ဖော်စပ်ထားတာပဲဖြစ်ပါတယ်။ မန်ကျည်းသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များက မျက်စိနာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဟင်းချက်တဲ့အခါ အရသာကောင်းမွန်အောင် ကူညီပေးခြင်း

Source: shesimmers.com

ဟင်းချက်တဲ့အခါ မန်ကျည်းသီးအနှစ်များကို ထည့်ချက်ပေးမယ်ဆိုရင်တော့ ဟင်းပွဲအရသာက အရသာ ပိုမိုထူးကဲကောင်းမွန်သွားပါတယ်။

အစာအိမ် ကျန်းမာရေးကောင်းမွန်စေခြင်း

မန်ကျည်းသီးဖျော်ရည်သောက်သုံးခြင်းက အစာအိမ် အနာဖြစ်ခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်းတို့ကို သက်သာစေပါတယ်။ အစာမကြေဖြစ်ခြင်းကို သက်သာစေချင်တယ်ဆိုရင်တော့ မန်ကျည်းသီးဖျော်ရည်ထဲသို့ ပျားရည်၊ နွားနို့နှင့် သံပုယိုရည်တို့ ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

ဆီးချိုရောဂါကို သက်သာစေခြင်း

အစားစားပြီးတိုင်း မန်ကျည်းသီးဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ချပေးတာကြောင့် ဆီးချိုသမားများအနေနဲ့ မှန်မှန်သောက်သုံးသင့်တဲ့ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

မန်ကျည်းဖျော်ရည်ထဲမှာ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အအေးမိခြင်း၊ ချောင်းဆိုးခြင်း၊ တုပ်ကွေးမိခြင်း စတဲ့ ရောဂါများမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်ခုခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

နှလုံးအားကောင်းစေခြင်း

မန်ကျည်းသီးဖျော်ရည်က ကိုလက်စတောပမာဏမြင့်မားခြင်းမှ ကာကွယ်ပေးပြီး နှလုံးသွေးကြောနံရံများတွင် ကိုလက်စတော်များ ပိတ်ဆို့ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ မဖြစ်ပွားအောင် တားဆီးပေးပြီး နှလုံးအားကောင်းအောင် ကူညီပေးတဲ့ မန်ကျည်းဖျော်ရည်ပဲဖြစ်ပါတယ်။

Source: Stylecraze.com