လူတိုင်းကတော့ အစားအသောက်ကိုအမြဲတမ်းပုံမှန်စားပေးနေကြတာပါပဲ။ စားတဲ့အခါမှာလည်း ကျန်းမာရေးကိုအထောက်အကူဖြစ်စေတဲ့ အစားစာတွေနဲ့၊ ကျန်းမာရေးကိုဆိုးရွားစေတဲ့အစားစာတွေဆိုပြီးတော့ အမျိုးမျိုးရှိကြပါတယ်။ ကြုံသလိုစားသောက်နေကြပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ချင်ပြီးသက်တမ်းစေ့နေထိုင်သွားချင်တယ်ဆိုရင်တော့ အစားအသောက်နေထိုင်မှုစနစ်တွေကို ပြန်ပြီးဆင်ခြင်ဖို့လိုတာပေါ့။

ကြောက်စရာကောင်းပြီးအသံတိတ်လူသတ်သမားလို့ တင်စားထားကြတဲ့ ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့စားပေးသင့်တဲ့ အစားစာတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ပန်းကော်ဖီစိမ်းကိုစားပေးလို့ရပါတယ်။ ပန်းကော်ဖီစိမ်းမှာ ပါဝင်နေတဲ့ glucosinolates လို့ခေါ်တဲ့ဓာတ်က ခန္ဓာကိုယ်တွင်းမှာဖြစ်နိုင်တဲ့ ကင်ဆာဆဲလ်တွေကို မပျံ့ပွားလာအောင် ထိန်းထားပေးနိုင်တာကြောင့် ပုံမှန်စားပေးလို့ရတဲ့ အစားစာမျိုးပါ။

ရေနွေးကြမ်း

မြန်မာလူမျိုးတွေ နေ့တိုင်းသောက်သုံးနေတဲ့ ရေနွေးကြမ်းက ကင်ဆာရောဂါတော်တော်များများကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းက ခန္ဓာကိုယ်ထဲမှာဖြစ်နိုင်တဲ့ အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားပေးနိုင်တာကြောင့် တစ်နေ့ကို ၃ ခွက်လောက် နေ့တိုင်းပုံမှန်သောက်ပေးသွားမယ်ဆိုရင်တော့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးထားနိုင်မှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းပဲစားစား၊ ဟင်းချက်တဲ့အခါမှာပဲထည့်သုံးပြီး စားရင်လည်း ခန္ဓာကိုယ်အတွက်အများကြီး အထောက်အကူဖြစ်စေပါတယ်။ တစ်ခြားကျန်းမာရေးတွေကိုလည်း အထောက်အကူဖြစ်စေပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ပုံမှန်စားသောက်ပေးသွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

ချင်း

တစ်ချို့တွေကတော့ ချင်းကိုကြိုက်နှစ်သက်ပေမယ့် တစ်ချို့တွေကတော့ မကြိုက်တာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်အထောက်အကူပြုနေတာကြောင့် မဖြစ်မနေစားပေးဖို့လိုပါတယ်။ ချင်းကကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပြီး ကင်ဆာရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တာဆိုတော့ မစားလို့တော့မရဘူးနော်။

ဒီအစားစာတွေကတော့ နေ့တိုင်းစားသုံးပေးရင်ပဲဖြစ်ဖြစ်၊ တစ်ပတ်ကိုနှစ်ကြိမ်လောက်စားသုံးရင်ပဲဖြစ်ဖြစ် အဆင်ပြေပြီး ကင်ဆာရောဂါကိုလည်း ကောင်းကောင်းကာကွယ်ပေးနိုင်တာကြောင့် စားပေးဖို့ကြိုးစားကြည့်ပါနော်။

Photo Source: Unsplash