[Unicode]

လူတိုင်းကတော့ အစားအသောက်ကိုအမြဲတမ်းပုံမှန်စားပေးနေကြတာပါပဲ။ စားတဲ့အခါမှာလည်း ကျန်းမာရေးကိုအထောက်အကူဖြစ်စေတဲ့ အစားစာတွေနဲ့၊ ကျန်းမာရေးကိုဆိုးရွားစေတဲ့အစားစာတွေဆိုပြီးတော့ အမျိုးမျိုးရှိကြပါတယ်။ ကြုံသလိုစားသောက်နေကြပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ချင်ပြီးသက်တမ်းစေ့နေထိုင်သွားချင်တယ်ဆိုရင်တော့ အစားအသောက်နေထိုင်မှုစနစ်တွေကို ပြန်ပြီးဆင်ခြင်ဖို့လိုတာပေါ့။

ကြောက်စရာကောင်းပြီးအသံတိတ်လူသတ်သမားလို့ တင်စားထားကြတဲ့ ကင်ဆာရောဂါကို ကာကွယ်နိုင်ဖို့စားပေးသင့်တဲ့ အစားစာတွေကိုဖော်ပြပေးလိုက်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ပန်းကော်ဖီစိမ်းကိုစားပေးလို့ရပါတယ်။ ပန်းကော်ဖီစိမ်းမှာ ပါဝင်နေတဲ့ glucosinolates လို့ခေါ်တဲ့ဓာတ်က ခန္ဓာကိုယ်တွင်းမှာဖြစ်နိုင်တဲ့ ကင်ဆာဆဲလ်တွေကို မပျံ့ပွားလာအောင် ထိန်းထားပေးနိုင်တာကြောင့် ပုံမှန်စားပေးလို့ရတဲ့ အစားစာမျိုးပါ။

ရေနွေးကြမ်း

မြန်မာလူမျိုးတွေ နေ့တိုင်းသောက်သုံးနေတဲ့ ရေနွေးကြမ်းက ကင်ဆာရောဂါတော်တော်များများကို မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းက ခန္ဓာကိုယ်ထဲမှာဖြစ်နိုင်တဲ့ အဆိပ်အတောက်တွေအားလုံးကို ဖယ်ရှားပေးနိုင်တာကြောင့် တစ်နေ့ကို ၃ ခွက်လောက် နေ့တိုင်းပုံမှန်သောက်ပေးသွားမယ်ဆိုရင်တော့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးထားနိုင်မှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အစိမ်းပဲစားစား၊ ဟင်းချက်တဲ့အခါမှာပဲထည့်သုံးပြီး စားရင်လည်း ခန္ဓာကိုယ်အတွက်အများကြီး အထောက်အကူဖြစ်စေပါတယ်။ တစ်ခြားကျန်းမာရေးတွေကိုလည်း အထောက်အကူဖြစ်စေပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ပုံမှန်စားသောက်ပေးသွားမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့။

ချင်း

တစ်ချို့တွေကတော့ ချင်းကိုကြိုက်နှစ်သက်ပေမယ့် တစ်ချို့တွေကတော့ မကြိုက်တာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်အထောက်အကူပြုနေတာကြောင့် မဖြစ်မနေစားပေးဖို့လိုပါတယ်။ ချင်းကကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပြီး ကင်ဆာရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တာဆိုတော့ မစားလို့တော့မရဘူးနော်။

ဒီအစားစာတွေကတော့ နေ့တိုင်းစားသုံးပေးရင်ပဲဖြစ်ဖြစ်၊ တစ်ပတ်ကိုနှစ်ကြိမ်လောက်စားသုံးရင်ပဲဖြစ်ဖြစ် အဆင်ပြေပြီး ကင်ဆာရောဂါကိုလည်း ကောင်းကောင်းကာကွယ်ပေးနိုင်တာကြောင့် စားပေးဖို့ကြိုးစားကြည့်ပါနော်။

Photo Source: Unsplash

[Zawgyi]

လူတိုင္းကေတာ့ အစားအေသာက္ကိုအၿမဲတမ္းပံုမွန္စားေပးေနၾကတာပါပဲ။ စားတဲ့အခါမွာလည္း က်န္းမာေရးကိုအေထာက္အကူျဖစ္ေစတဲ့ အစားစာေတြနဲ႔၊ က်န္းမာေရးကိုဆိုးရြားေစတဲ့အစားစာေတြဆိုၿပီးေတာ့ အမ်ိဳးမ်ိဳးရွိၾကပါတယ္။ ႀကံဳသလိုစားေသာက္ေနၾကေပမယ့္ ကိုယ့္က်န္းမာေရးကို ဂ႐ုစိုက္ခ်င္ၿပီးသက္တမ္းေစ႔ေနထိုင္သြားခ်င္တယ္ဆိုရင္ေတာ့ အစားအေသာက္ေနထိုင္မႈစနစ္ေတြကို ျပန္ၿပီးဆင္ျခင္ဖို႔လိုတာေပါ႔။

ေၾကာက္စရာေကာင္းၿပီးအသံတိတ္လူသတ္သမားလို႔ တင္စားထားၾကတဲ့ ကင္ဆာေရာဂါကို ကာကြယ္ႏိုင္ဖို႔စားေပးသင့္တဲ့ အစားစာေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ပန္းေဂၚဖီစိမ္း

ကင္ဆာေရာဂါမျဖစ္ေအာင္ ကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ ပန္းေကာ္ဖီစိမ္းကိုစားေပးလို႔ရပါတယ္။ ပန္းေကာ္ဖီစိမ္းမွာ ပါဝင္ေနတဲ့ glucosinolates လို႔ေခၚတဲ့ဓာတ္က ခႏၶာကိုယ္တြင္းမွာျဖစ္ႏိုင္တဲ့ ကင္ဆာဆဲလ္ေတြကို မပ်ံ႕ပြားလာေအာင္ ထိန္းထားေပးႏိုင္တာေၾကာင့္ ပံုမွန္စားေပးလို႔ရတဲ့ အစားစာမ်ိဳးပါ။

ေရေႏြးၾကမ္း

ျမန္မာလူမ်ိဳးေတြ ေန႔တိုင္းေသာက္သံုးေနတဲ့ ေရေႏြးၾကမ္းက ကင္ဆာေရာဂါေတာ္ေတာ္မ်ားမ်ားကို မျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ ေရေႏြးၾကမ္းက ခႏၶာကိုယ္ထဲမွာျဖစ္ႏိုင္တဲ့ အဆိပ္အေတာက္ေတြအားလံုးကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ တစ္ေန႔ကို ၃ ခြက္ေလာက္ ေန႔တုိင္းပံုမွန္ေသာက္ေပးသြားမယ္ဆိုရင္ေတာ့ ကင္ဆာေရာဂါေတြကို ကာကြယ္ေပးထားႏိုင္မွာပဲျဖစ္ပါတယ္။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးကို အစိမ္းပဲစားစား၊ ဟင္းခ်က္တဲ့အခါမွာပဲထည့္သံုးၿပီး စားရင္လည္း ခႏၶာကိုယ္အတြက္အမ်ားႀကီး အေထာက္အကူျဖစ္ေစပါတယ္။ တစ္ျခားက်န္းမာေရးေတြကိုလည္း အေထာက္အကူျဖစ္ေစၿပီး ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏိုင္တာေၾကာင့္ ပံုမွန္စားေသာက္ေပးသြားမယ္ဆိုရင္ေတာ့ အေကာင္းဆံုးပဲေပါ႔။

ခ်င္း

တစ္ခ်ိဳ႕ေတြကေတာ့ ခ်င္းကိုႀကိဳက္ႏွစ္သက္ေပမယ့္ တစ္ခ်ိဳ႕ေတြကေတာ့ မႀကိဳက္တာမ်ိဳးေတြလည္းရွိပါတယ္။ ဒါေပမယ့္ က်န္းမာေရးအတြက္အေထာက္အကူျပဳေနတာေၾကာင့္ မျဖစ္မေနစားေပးဖို႔လိုပါတယ္။ ခ်င္းကကိုယ္ခံအားစနစ္ကိုလည္းေကာင္းမြန္ေစၿပီး ကင္ဆာေရာဂါမျဖစ္ေအာင္လည္း ကာကြယ္ေပးႏိုင္တာဆိုေတာ့ မစားလို႔ေတာ့မရဘူးေနာ္။

ဒီအစားစာေတြကေတာ့ ေန႔တိုင္းစားသံုးေပးရင္ပဲျဖစ္ျဖစ္၊ တစ္ပတ္ကိုႏွစ္ႀကိမ္ေလာက္စားသံုးရင္ပဲျဖစ္ျဖစ္ အဆင္ေျပၿပီး ကင္ဆာေရာဂါကိုလည္း ေကာင္းေကာင္းကာကြယ္ေပးႏိုင္တာေၾကာင့္ စားေပးဖို႔ႀကိဳးစားၾကည့္ပါေနာ္။

Photo Source: Unsplash