ကိုယ်အလေးချိန်တက်ချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့နည်းလမ်းကို ကျင့်သုံးဖို့က အဓိကပါ။ ဒီလိုမဟုတ်ဘဲ ဝိတ်တက်ချင်လို့ဆိုပြီး မြင်သမျှ တွေ့သမျှ စားနေတာက ကျန်းမာရေးနဲ့မညီဘဲ အဆီတွေဘဲတက်လာမှာပါ။

ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး လိုအပ်တဲ့ ကြွက်သားတည်ဆောက်ဖို့နဲ့ စွမ်းအင်မြှင့်တင်ဖို့ဆို ဒီအစားအစာတွေကို စားပေးပါ။

1. ကြက်ဥ

ကြက်ဥမှာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်နဲ့ ကျန်းမာတဲ့အဆီဓာတ်တွေပါဝင်တာကြောင့် ကြွက်သားတည်ဆောက်ဖို့ ကူညီပေးပါတယ်။

2. ထောပတ်သီး

ထောပတ်သီးမှာ နှလုံးကိုကျန်းမာစေတဲ့ Monounsaturated fats ကြွယ်ဝပြီး ထောပတ်သီးတစ်လုံးမျာ 250 ခန့် ကယ်လိုရီပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင် C၊ E ၊ K တို့လည်း မြင့်မားစွာပါဝင်ပါတယ်။

3. Nut Butters

မြေပဲ၊ ဗာဒံသီး သို့မဟုတ် သီဟိုဠ်စေ့ထောပတ်တို့မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ပရိုတင်းနဲ့ ကယ်လိုရီတွေပါဝင်ပါတယ်။ မြေပဲထောပတ် စားပွဲတင်ဇွန်း နှစ်ဇွန်းလောက်မှာ ကယ်လိုရီ 200 ခန့် ပါဝင်တာကြောင့် သကြား၊ စားအုန်းဆီ သို့မဟုတ် ဟိုက်ဒရိုဂျင်ပါတဲ့ အဆီတွေကို စားမယ့်အစား ဗီတာမင် E၊ မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်တဲ့ အစေ့အဆန်များကို ရွေးချယ်စားသုံးပါ။

4. Dark Chocolate

အရည်အသွေးကောင်းတဲ့ Dark Chocolate မှာ ကျန်းမာတဲ့အဆီများ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးတဲ့ Flavonoids တို့လို Antioxidants များကြွယ်ဝစွာပါဝင်တဲ့အပြင်
ကယ်လိုရီပါဝင်မှုများပါတယ်။

5. ထမင်း

ထမင်းက ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး ထမင်းဖြူတစ်ခွက်မှာ ကယ်လိုရီ 200 လောက်ပါတာမလို့ ဂျုံ၊ ဟင်းတို့နဲ့ တွဲစားရင် ကယ်လိုရီများပြီး ဝိတ်တက်စေပါတယ်။