မျက်နှာ အသားအရည် တင်းတင်းလေး ဖြစ်ချင်ပါသလား။ လူတွေက တွေ့လိုက်တာနဲ့ အရွယ်တင်လိုက်တာ ဆိုပြီး ချီးမွမ်း ခံချင်ပါသလား။ လွယ်ပါတယ်။ အစားအသောက် ၆မျိုးကို စားပေးရုံနဲ့ ဒီလို ခံစားချက်တွေကို ရစေမှာပါ။ အာဟာရလည်း ဖြစ်စေသလို အသားအရေအတွက် ကောင်းမွန်စေမယ့် အစားအစာ ၆မျိုးကို သတင်းပေးချင်ပါတယ်။

၁။ ငရုတ်ပွသီးနဲ့ ပန်းဂေါ်ဖီစိမ်း

ဗီတာမင်စီဟာ ကော်လာဂျင်ထုတ်လုပ်မှုကို တိုးလာစေပါတယ်။ တနည်းအားဖြင့် မျက်လုံးနဲ့ ပါးစပ်တစ်ဝိုက်နားက အရေးအကြောင်းတွေ မဖြစ်စေဖို့ တားဆီးပေးပါတယ်။ နှစ်မျိုးပေါင်းပြီး ချက်စားပေးပါ။

၂။ အိုမီဂါ ၃

အိုမီဂါ ၃ fatty acids ဟာ အရေပြားရဲက အစိုဓာတ်ကို ထိန်းပေးပြီး နူးညံ့ဖို့ အတွက် အကူအညီပေးပါတယ်။ သဘာ၀ အဆီအနှစ်တွေ ပါဝင်တဲ့ အတွက် အာဟာရနဲ့လည်း ပြည့်စုံစေပါတယ်။ တစ်ပတ်ကို ၃ကြိမ် သောက်ပေးပါ။

၃။ ဘလက်ဘယ်ရီ

သူ့မှာ ပါတဲ့ ellagic acid ဟာ UV ဓာတ်ကို ကာကွယ်နိုင်သလို အစက်အပြောက်တွေ ဖြစ်စေခြင်းကလည်း ကာကွယ်နိုင်ပါတယ်။ တစ်နေ့ကို 1/2 cup လောက် သောက်ပေးတာဖြစ်ဖြစ် လုပ်ပေးပါ။

၄။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပါတဲ့ Lycopene ဟာ နေရောင်ကြောင့် ဖြစ်တဲ့ ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ချက်ပြီးစားရင်လည်းရပါတယ်။ တစ်ပတ်ကို ၅ကြိမ်လောက်စားပေးပါ။

၅။ ချောကလက်အမဲ

Cocoa ဓာတ်ဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ရဲ့ ကျန်းမာသန်စွမ်းခြင်းကိုလည်း အထောက်အကူ ပြုပါတယ်။ နေ့တိုင်း 30kg လောက် စားပေးပါ။

၆။ အာလူး

ပျက်စီးနေတဲ့ အရေပြားကို ပြန်ပြီး ကောင်းမွန်စေဖို့ ဆိုရင် အာလူး စားပေးပါ။ beta-carotene ဟာ ခန္ဓာကိုယ်ထဲကျရင် ဗီတာမင် အေ အဖြစ်ကို ပြောင်းလဲပေးပြီး အသက်အရွယ် အိုမင်းစေမှုကို တိုက်ခိုက်ပေးပါတယ်။ မုန်လာဥနီနဲ့ သရက်သီးတို့ စားရင်လည်း အကျိုးအာနိသင် တူပါတယ်။ တနေ့တစ်လုံး စားပေးနိုင်ပါတယ်။

Credit: rdasia.com