မုန်လာဥနီကို ငပိရည် တို့စရာတို့နဲ့ တို့စားတတ်ကြပြီး ဒီအတိုင်း အစိမ်းလိုက်လည်း တကျွတ်ကျွတ်နဲ့ ဝါးစားကြပါတယ်။
ဒါ့အပြင် ဖျော်ရည်အဖြစ်လည်း ဖျော်သောက်ကြသလို ဟင်းတွေချက်ပြုတ်ရာမှာလည်း ထည့်သွင်းလေ့ရှိတော့ မုန်လာဥနီစားသုံးသူ တော်တော်များမယ်လို့ ထင်ပါတယ်နော်။
စာဖတ်သူတို့ရော မုန်လာဥနီကြိုက်ကြလားရှင့်။ မုန်လာဥနီစားတာဟာ စာဖတ်သူတို့အတွက် ကျန်းမာရေးကိုဘယ်လို အထောက်အကူပြုသလဲဆိုတာကို မျှဝေပေးသွားပါမယ်။
နှလုံးရောဂါ
မုန်လာဥနီဟာ နှလုံးရောဂါဖြစ်ပွားမှုကို အထူးလျော့နည်းစေပါတယ်။ ဒါ့ကြောင့် မုန်လာဥနီကိုပုံမှန်စားသုံးသူတွေဟာ နှလုံးရောဂါနဲ့ ကင်းဝေးစေမှာပါ။
ကင်ဆာ
မုန်လာဥနီမှာ တွေ့ရတဲ့ Beta-Carotene ဓါတ်နဲ့ Antioxidant ဓါတ်က ကင်ဆာရောဂါဖြစ်ပွားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူတွေလည်း မုန်လာဥနီကို များများစားပေးလိုက်ရင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို သိသိသာသာလျှော့နည်းစေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။
နောက်ထပ်လေ့လာတွေ့ရှိမှုအရတော့ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာအပါအဝင် အစာအိမ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျှော့ချပေးပါတယ်။
အမြင်အာရုံ
မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင် A ဟာ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးပါတယ်။
မုန်လာဥနီကို ပုံမှန်စားသုံးပေးတာဟာ အတွင်းတိမ်ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။
ဦးနှောက်
မုန်လာဥနီမှာ သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီး သက်လတ်ပိုင်းအရွယ်ကစလို့ သိမြင်မှုဆိုင်ရာလုပ်ဆောင်ချက် လျှော့ကျလာတာကို တားမြစ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုလက်စထရောကျစေပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။
အသည်း
မုန်လာဥမှာ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကို ဖြေရှင်းပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး အသည်းကို အပြည့်အ၀ ကျန်းမာစေပါတယ်။
အရွယ်တင်နုပျိုခြင်း
မုန်လာဥနီမှာ Antioxidant တွေ Hydroxycinnamic အက်ဆစ်တွေပါဝ်ငလို့ အသက်အရွယ်အိုမင်းမှုကို လျှော့ချပေးပြီး အရွယ်တင်နုပျိုစေပါတယ်။
အရေပြားကျန်းမာရေး
အသက်အရွယ်အိုမင်းမှုကို ကာကွယ်ပေးနိုင်ရုံသာမက အရေပြားဆဲလ်ပျက်ဆီးမှုကိုလည်း ကာကွယ်ပေးနိုင်ပြီး နေရောင်ချည်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။
ဒါ့ကြောင့် အသားအရနုပျိုစိုပြေလို့ စွဲဆောင်မှုအပြည့်ရှိပါတယ်။
ခံတွင်းကျန်းမာရေး
မုန်လာဥနီကိုစားပေးတာဟာ သွားမှာ အခေါင်းပေါက်ဖြစ်တာကို ကာကွယ်ပေးနိုင်ပြီး သွားတွေကို ကျန်းမာသန့်ရှင်းစေပါတယ်။ ဒ့ါကြောင့် ခံတွင်းကျန်းမာရေးအတွက် အရမ်းကိုအကျိုးကျေးဇူးများတယ်။