[Unicode]
အသက်အရွယ် ကြီးလာတဲ့အခါ သွေးကြောဆိုင်ရာ တွေ့ကြုံရ အများဆုံး ပြဿနာထဲမှာ တစ်ခုဖြစ် တဲ့ သွေးကြောများ အားနည်း လာခြင်းပဲ ဖြစ်သည်။ ယင်း သွေးကြော အားနည်းခြင်း ရဲ့ အကျိုးဆက် ကတော့ များသောအားဖြင့် ဖောင့်တွန်းနေတဲ့ သွေးပြန်ကြောများ (Varicose Veins) ပဲ ဖြစ်ပါတယ်။
သည်နေရာမှာလည်း သဘာဝက ကူညီနိုင်တာ တွေ့ရတယ်။ ရေမျောသီး (သို့မဟုတ်) အဿဗီဇ (House Chestnut) လို့ခေါ်တဲ့ မြင်းများ ဝါးစားလေ့ရှိတဲ့ ပေါင်းမြက် တစ်မျိုးက ဖောင်းတွန့် သွေးပြန်ကြော များနဲ့ ဆံခြည်မျှင် သွေးကြောများ ပြတ်တောက်ခြင်း တို့အတွက် ကုသရာနှင့် ကာကွယ်ရာမှာ အစဉ်အလာ လက်စွဲပြု ခဲ့တဲ့ ဆေးတစ်လက် ဖြစ်တယ်။
ရေမျောသီးက သွေးကြောစနစ်ကို ကြံ့ခိုင် တောင့်တင်းစေတယ်။ နှလုံးထဲသို့ သွေးပြန်လည် စီးဝင်မှုကို လွယ်ကူ ချောမွေ့ စေတယ်။ သွေးကြောရောင်ပြီး ကြီးလာခြင်းကို ကာကွယ်ပေးတယ်။ ခြေေ ထာက် အောက်ပိုင်း ရောင်ခြင်းကို သက်သာ စေရာမှာ ” ထောက်ပင့် ခြေအိတ်ရှည် ” လို ထိရောက်မှု ရှိတယ်။ ရေမျောသီး ဆေးတောင့်ပျော့ များကို ကျန်းမာရေး အစားအစာ စတိုးဆိုင် များမှ ဝယ်ယူ ရရှိနိုင်ပါတယ်။
ဦးလှမြင့် (ဂန္ဓမာ)
Ref: Secrets of Longevity
[Zawgyi]
ဦးလှမြင့် (ဂန္ဓမာ)