အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သွေးအားကောင်းပြီး အရသာရှိတဲ့ အမဲသားချက်ချက်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ အမဲသား ၂ ပေါင်ခန့်
  • ဆန်ဝိုင်ခွက်တစ်ဝက်
  • ပဲငံပြာ အကြည် ရည်စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာ အနောက် ရည်စားပွဲတင်ဇွန်း ၃ ဇွန်း

  • နာနတ်ပွင့် ၇ ပွင့်
  • ကြံသကာ စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • သစ်ကြံပိုးခေါက် ၁ ချောင်း

ပြုလုပ်နည်း

အမဲသားကို အပေါ်မှာကပ်နေတဲ့အဆီတွေကိုဖယ်ပေးလိုက်ပါ။ ပြီးရင်တော့ အတုံးအကြီး ၂ တုံး ၃ တုံးခန့်လှီးလိုက်ပြီး ရေနဲ့ ပြုတ်လိုက်ပါ။ ၈ မိနစ်လောက်ပြုတ်ပါ။ ပြီးရင် ရေဆစ်ပေးထားလိုက်ပါ။

ပြုတ်ထားတဲ့ အမဲသားကို အိုးထဲထည့်လိုက်ပြီး ဝိုင်လေးနည်းနည်းထည့်ပါ။ ပဲငံပြာရည် ၂ မျိုး၊ နာနတ်ပွင့်၊ ငရုတ်သီး၊ သကြား၊ သစ်ကြံပိုးခေါက်တို့ကိုထည့်လိုက်ပါ။

ပြီးရင်တော့ အနှစ်တွေနဲ့ အသားကိုရောသွားအောင်လုပ်လိုက်ပါ။ ရေ ခွက် ၃/၄ ပုံခန့်ထည့်လိုက်ပြီး ပြုတ်လိုက်ပါ။ ဆူလာပြီဆိုရင်တော့ အပူချိန်လျှော့လိုက်ပါ။ အဖုံးအုပ်ထားပြီး ၁ နာရီလောက် ပေါင်းပေးထားပါ။ ရေလိုရင်ရေထပ်ထည့်ပါ။

တရုတ်စတိုင်လ် အမဲသားချက်

ရပြီဆိုရင်တော့ အသားကို အအေးခံလိုက်ပြီး ပါးပါးလှီးကာ နှမ်းနဲ့ ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါတယ်နော်။

Source: www.thewoksoflife.com

By: MyFood Myanmar