အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး ကလေးရော လူကြီးပါ ကြိုက်ကြတဲ့ ချောကလက် ကိတ်မုန့်ကို အိမ်မှာ လုပ်စားလို့ရအောင်မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဂျုံမှုန့် ၈၅ ဂရမ်
  • မငံတဲ့ ထောပတ် ၁၈၅ ဂရမ်
  • ကိုကိုးမှုန့် ၄၀ ဂရမ်
  • ပွဆေး လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • Vanilla အရည် အနည်းငယ်
  • သကြား ၂၇၅ ဂရမ်
  • ကြက်ဥ အကြီး ၄ လုံး

ပြုလုပ်နည်း

အရင်ဆုံး ထောပတ်၊ သကြားနဲ့ကို သေချာရောပြီးမွှေပေးလိုက်ပြီး ခဏဖယ်ထားလိုက်ပါ။

ပြီးရင် နောက်ထပ် အလားတူ ခွက်တစ်ခုမှာ ဂျုံမှုန့်နဲ့ ကိုကိုးမှုန့်ကို ထည့်နယ်လိုက်ပါ။ ပွဆေးပါ ထည့်လိုက်ပြီးရောပေးပါ။

ပြီးရင် Vanilla အနည်းငယ်ထည့်မယ်။ ကြက်ဥကို ခလောက်ပြီးထည့်ပါမယ်။ ပြီးရင် သေချာလေး မွှေပေးလိုက်ပါ။

စောစောက ထောပတ်နဲ့ သကြားရောထားတာကိုလည်း ထည့်ပြီး မွှေပေးလိုက်ပါ။

အရမ်းပျစ်နေရင်တော့ နွားနို့ နွေးနွေးလေးကို နည်းနည်းထည့်လိုက်ပါ။

ပြီးရင်သေချာထပ်မွှေပေးပါ။

အရသာမြည်းကြည့်ပါ။ လိုရင် သကြားထပ်ထည့်ပါ။

ရပြီဆိုရင်တော့ အပူခံတဲ့ ဘူးထဲ ပြောင်းထည့်လိုက်ပြီး Oven ထဲထည့်ကာ ဖုတ်ပေးရမှာဖြစ်ပါတယ်။

၂၅ မိနစ်၊ မိနစ် ၃၀ လောက် ဖုတ်ပေးရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိတ်သား ကျက်မကျက် ဓား (သို့) ဇွန်းလေးနဲ့ စမ်းသပ်ကြည့်လိုက်ပါ။ မုန့်ဖတ်တွေ မကပ်လာဘူးဆိုရင် ရပါပြီနော်။

ပြီးရင်တော့ အအေးခံပြီး မိမိသင့်သလို လှီးကာ သုံးဆောင်နိုင်ပါတယ်။

Source: www.tasty-indian-recipes.com

By: MyFood Myanmar