ဟင်းတွေချက်တဲ့အခါ တစ်ခါတစ်လေ သင်ဟာ ပါဝင်ပစ္စည်းတွေကို  ပိုကောင်းဖို့ထည့်လိုက်ပေမယ့် တကယ်တော့ ဟင်းပွဲတွေကိုပျက်စီးသွားစေတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါ အရသာရှိတဲ့ဟင်းတခွက်ဖြစ်စေဖို့ မလုပ်သင့်တဲ့အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ခေါက်ဆွဲပြုတ်တဲ့အခါ ရေထဲကိုဆီထည့်ခြင်း

Pasta စားဖို့ ခေါက်ဆွဲပြုတ်တဲ့အခါ တချို့လူတွေက ရေထဲကိုဆီထည့်ပြီး ပြုတ်တတ်ကြပါတယ်။ ဆီထည့်တာက ‌ရေဆူပြီးလျှံမကျစေဖို့နဲ့ ခေါက်ဆွဲတွေတစ်ခုနဲ့တစ်ခု မကပ်စေဖို့ အတွက်ဆို မှန်ပေမယ့် ခေါက်ဆွဲကို sauce နဲ့ တွဲစားဖို့စီစဥ်ထားတယ်ဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ ဘာလို့လဲဆိုတော့ sauce တွေ ခေါက်ဆွဲမှာကပ်ဖို့ ခက်ခဲစေလို့ပါ။

၂.အသားတွေကို မပူပါစေနဲ့

ရေခဲသေတ္တာထဲက အသားတွေကို မချက်ပြုတ်ခင် အခန်းအပူချိန်ရောက်အောင် ထားသင့်ပါတယ်။ မဟုတ်ရင် ဟင်းချက်တဲ့အခါ အပြင်ပန်းကကျက်နေပေမယ့် အတွင်းပိုင်းက မကျက်ဘဲ ဖြစ်တတ်ပါတယ်။

၃.အသားကျက်ပြီးပြီးချင်း မလှီးပါနဲ့

ဟင်းချက်တဲ့အခါ အသားရဲ့အချိုဓာတ်က အသားရဲ့အလယ်မှာ စုနေတတ်ပါတယ်။ ဒါကြောင့် အချိုဓာတ်တွေ ဘေးကိုပျံ့သွားတဲ့အထိ ခနစောင့်ပြီးမှ လှီးပေးသင့်ပါတယ်။

၅.ထမင်းချက်တဲ့အခါ အဖုံးကိုမဖယ်ပါနဲ့

ထမင်းချက်တဲ့အခါ ထမင်းကျက်မကျက်ကို အဖုံးကိုဖယ်ပြီး ကြည့်တတ်ကြပါတယ်။ ဒီလိုဖွင့်လိုက်တဲ့ အခါ အပူကထွက်သွားပြီး အောက်ခြေကထက် နည်းသွားတတ်တာကြောင့် ထမင်းကိုမာပြီး ခြောက်သွေ့ စေပါတယ်။

၆.ဟင်းရွက်တွေကိုဆေးပြီး အခြောက်ခံထားပါ

အစိမ်းရောင်ဟင်းရွက်တွေကို ရေဆေးပြီးတဲ့အခါ ခြောက်သွားတဲ့အထိ ရေစစ်ထားပါ။ ဒီလိုမှမဟုတ်ရင် ရေက ရေနွေးငွေ့ဖြစ်လာပြီး ဟင်းချက်ပြီးတာနဲ့ အသီးအရွက်တွေက နူးနေပြီး အရသာတွေလည်း ပျောက်သွားတတ်ပါတယ်။

၇.ဒယ်အိုးတစ်ခုထဲအများကြီးမထည့်ပါနဲ့

လူတော်တော်များများအတွက် ဟင်းချက်တဲ့အခါ ဒယ်အိုးတစ်လုံးထဲထည့်ရုံနဲ့ အဆင်ပြေပါတယ်။ ဒါပေ မယ့် အဲဒီထဲမှာ အစားအသောက်တွေ အရမ်းများနေရင်တော့ အသားရဲ့ အစိုဓာတ်ကို ဆုံးရှုံးစေပါတယ်။

၈.ကြက်သွန်ဖြူကိုအစောကြီးထည့်ခြင်း

ကြက်သွန်ဖြူက အကျက်မြန်တာကြောင့် သူ့ကိုအရင်ထည့်တာက အရသာကိုပျက်စီးစေနိုင်တာမလို့ နောက်ဆုံးမှထည့်သင့်ပါတယ်။

 

Source: brightside