ပြောင်းဖူးဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီအမျိုးအစားထဲမှာ တစ်မျိုးပါဝင်ပါတယ်။ သူ့မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီတွေပါဝင်ပြီး စွမ်းအားမြင့်တဲ့ Antioxidants တွေပါဝင်ပတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးခြင်း၊ သွေးတိုးတာကို ကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျော့ချပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

သဘာဝ ဗီတာမင် E ကြွယ်ဝစွာပါဝင်ခြင်း

ပြောင်းဖူးဆီတွေမှာ သဘာဝ ဗီတာမင် E ကြွယ်ဝစွာပါဝင်ပြီး ပြောင်းဖူးဆီ စားပွဲတင်ဇွန်း ၁ ဇွန်းမှာတင် တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင် E ဓာတ် ၁၅ ရာခိုင်နှုန်းလောက် ဖြည့်တင်းပေးနိုင်ပါတယ်။

ဗီတာမင် E က Antioxidant ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကျန်းမာတဲ့ဆဲလ်တွေကို သေဆုံးစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဗီတာမင် E ခန္ဓာကိုယ်ထဲမှာ လုံလောက်စွာမရှိရင် Free Radicals တွေက ကျန်းမာတဲ့ဆဲလ်တွေကို သွားရောက်ကပ်တွယ်ပြီး ဖျက်ဆီးကာ နာတာရှည်ရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ ဖြစ်ပွားနိုင်ပါတယ်။

တစ်နေ့ကို လူတစ်ယောက်က ဗီတာမင် E 15 Milligrams လိုအပ်ပါတယ်။ ပြောင်းဖူးဆီတစ်ဇွန်းမှာ ဗီတာမင် E 2 Milligrams ပါဝင်နေပါတယ်။

Polyunsaturated အဆီပါဝင်ခြင်း

ပြောင်းဖူးဆီထဲမှာပါဝင်တဲ့ ဆီရဲ့ တစ်ဝက်ကျော်ကျော်က Polyunsaturated အဆီဖြစ်ပါတယ်။ သူ့ကို အတိုကောက်အားဖြင့် PUFAs လို့ ခေါ်ကြပြီး ကိုလက်စထရောဓာတ်တွေ ထိန်းညှိဖို့နဲ့ နှလုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။

PUFAs တွေဖြစ်တဲ့ Omega-6 Fatty အက်ဆစ်နဲ့ Omega-3s တို့လည်း ပါဝင်ပါတယ်။ Omega-3 နဲ့ Omega-6 Fatty အက်ဆစ်တို့က ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားအစာတွေထဲကနေ ရယူနိုင်ဖို့ အရေးကြီးပါတယ်။ ဦးနှောက် ဆဲလ်တွေရဲ့ ဆက်သွယ်မှု၊ ကြီးထွားမှု နဲ့ နှလုံးကျန်းမာရေးအတွက် ဒီ ဓာတ်တွေလိုအပ်ပါတယ်။

Monounsaturated အဆီပါဝင်ခြင်း

ပြောင်းဖူးဆီမှာပါဝင်တဲ့ အဆီတွေရဲ့ ၄ ပုံ ၁ ပုံက Monounsaturated Fatty အက်ဆစ်ပါ။

အတိုကောက်အားဖြင့် MUFAs လို့ ခေါ်ဆိုကြပြီး နှလုံးကျန်းမာရေးကို အထောက်ကူပြုတဲ့ ဓာတ်တွေဖြစ်ပါတယ်။

မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေက သင့် သွေးလွှတ်ကြောတွေကို မာကြောစေပြီး ပိတ်ဆို့စေကာ နှလုံးရောဂါကို ဖြစ်နိုင်ပါတယ်။

ဒီ MUFAs ဓာတ်က ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို ကျဆင်းအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

SUNAR ပြောင်းဖူးဆီ ရဲ့ အကြောင်း

SUNAR ပြောင်းဖူးဆီက ကိုလက်စထရော လုံးဝမပါဝင်တဲ့အပြင် ကင်ဆာရောဂါကိုဖြစ်စေတဲ့ (Aflatoxin) မှိုဆိပ်လည်း လုံးဝကင်းစင်ပါတယ်။

ထို့အပြင် မျိုးရိုးဗီဇ ပြောင်းလဲထား ခြင်းမရှိသောသီးနှံ (Non-GMO) တို့ကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။

SUNAR အမှတ်တံဆိပ် ဆီများကို ထုတ်လုပ်မှုအတွက် ISO 9001 (Quality Management) နဲ့ ISO 22000 (Food Safety Management Systems) ထောက်ခံချက် ရရှိထားပါတယ်။