အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချိုချဉ် အရသာလေးနဲ့ စားလို့ကောင်းတဲ့ ဝက်ချိုချဉ်ကြော် ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား (၁) ပေါင်ခန့်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း

  • ကော်မှုန့် ၁ ခွက်ခွဲ
  • သကြား ခွက်တစ်ဝက်
  • ရှာလကာရည် ၁၅၀ မီလီလီတာ
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ (ကြော်ရန်)

  • ဂျင်းတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ အသေး တစ်ခြမ်း
  • ကြက်သွန်မြိတ် ၄ ပင် ( အမြီးပိုင်းကိုပဲယူပါ)
  • နံနံပင် လက်တစ်စုပ်စာ

ပြုလုပ်နည်း

ဝက်သားကို ပါးပါးလှီးလိုက်ပါ။ ပဲငံပြာရည်၊ ဆား၊ ဝိုင်၊ ရေ တို့နဲ့ နယ်ထားလိုက်ပြီး ရေခဲသတ္တာထဲမှာ ထည့်ထားပါ။

ပန်းကန်တစ်လုံးထဲမှာ ကော်မှုန့် (အကြော်မှုန့်)၊ ရေတို့ကို ပျစ်ပျစ်လေးဖော်လိုက်ပါ။ ၁၅ မိနစ်လောက်ခဏထားလိုက်ပါ။

သကြား၊ ရှလကာရည်၊ ဆား၊ နှမ်းဆီတို့ကိုရောလိုက်ပြီး ပန်းကန်တစ်လုံးနဲ့ သတ်သတ်ထားထားပါ။

ကော်မှုန့်ဖျော်ထားတဲ့ထဲက ရေကိုသွန်ပစ်လိုက်ပါ။

ဝက်သားကို မုန့်နှစ်ထဲထည့်နယ်လိုက်ပါ။

ဆီကို အပူပေးလိုက်ပြီး ဝက်သားကို အရင်ကြော်လိုက်ပါ။ ဝက်သားရပြီဆိုရင်တော့ သတ်သတ်ဆည်ထားပါ။

အိုးတစ်လုံးထဲမှာ ဆီထည့်လိုက်ပြီး ဂျင်း ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်လိုက်ပါ။

ဆော့လ်ရောထားတာကိုထည့်လိုက်ပါ။

၂ မိနစ် ၃ မိနစ်လောက်ထားပြီးတော့ တခြား မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ နံနံပင်နဲ့ ဝက်သားကြော်ကိုထည့်ပါ။ ပြီးရင် သေချာမွှေပေးလိုက်ပြီး ရပြီဆိုရင်တော့ ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar