အခုပဲ ရာသီဥတုက တဖြည်းဖြည်းပူလာပြီနော်။ နွေရာသီဆို ရာသီဥတုပူပြင်းလို့ ရေဓါတ်ခမ်းခြောက်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ အပူဒဏ်ကို ကာကွယ်ဖို့ ရေဓါတ်များများပါတဲ့ အစားအစာကို ရွေးချယ်စားသုံးသင့်ပါတယ်။
သခွားသီး
သခွားသီးကတော့ ရင်အေးစေတဲ့ အစားအစာပါ။ ဒါ့အပြင် အသားအရေကိုလည်း လှပစေပြီး အဖုအပိတ်တွေကိုသက်သာပျောက်ကင်းစေပါတယ်။
သခွားသီးကို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ သခွားသီးမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ရေဓါတ် ၉၅ % ပါဝင်ပါတယ်။ ပူအိုက်တဲ့နွေရာသီမှာ သခွားသီးကိုစားပေးပါ။
နွေရာသီအတွက် သခွားသီးဖျော်ရည်
ရေ
သခွားသီး
ဂျင်း
သံပုယိုသီး (သို့) သံပုရာသီး
ပူစီနံ
ပြုလုပ်နည်း
သခွားသီး ၁ လုံး ကို ပါးပါးလှီးလိုက်ပါ။ ဂျင်းကိုလည်း အတုံးလိုက်လှီးလိုက်ပြီး ခရားကြီးတစ်လုံးထဲမှာ ရောထည့်ပါ။
ပြီးရင် ရေ ၈ ခွက်လောက်ထည့်ပါ။ ပြီးရင် သံပုယိုသီး တစ်လုံးကို လှီးပြီးအရည်မညှစ်ဘဲထည့်ပေးပါ။ ပြီးရင် ပူစီနံရွက်အနည်းငယ်ထည့်ပါ။
ရေခဲသေတ္တာထဲထည့်ပြီး တစ်ညလောက်ထားထားပါ။ နောက်တစ်နေ့မနက် ကနေ ညနေထိ ကုန်အောင်သောက်ပါ။
ဒီလိုသောက်ပေးတာဟာ အပူဒဏ်ကိုသက်သာစေတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ၀မ်းဗိုက်ကအဆီတွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။