ရွှေဖရုံစေ့မှာ အာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးကို များစွာအထောက်အကူပြုတယ်ဆိုတာတော့ စာဖတ်သူတို့သိပြီးသားဖြစ်မှာပါ။ နေ့တိုင်းစားသုံးပေးသင့်တဲ့အစားအစာထဲမှာပါဝင်ပြီး စားသုံးတဲ့အခါမှာလည်း ဆားမပါဘဲ စားသုံးပေးရမှာပါ။
ဆီးကျိတ်တည်တာ၊ အစာအိမ်ရောင်တာ၊ ဆီးချို ဝေဒနာရှင်တွေအတွက် အထူးကောင်းမွန်တဲ့အပြင် ကိုလက်စထရောလည်းကျစေလို့ စာဖတ်သူတို့အတွက် သိပ်ကိုအသုံးဝင်ပါတယ်။
ဒီပြဿနာတွေအားလုံး အခုလိုဖြေရှင်းလိုက်ကြရအောင်နော်။
ပါဝင်ပစ္စည်း
ရေ ၁ ခွက်
ရွှေဖရုံစေ့ လက်တစ်ဆုပ်စာ
ပြင်ဆင်ခြင်း
ဖရုံစေ့လက်တစ်ဆုပ်စာကို ကြိတ်ခွဲထားပါ။ ပြီးရင်ရေတစ်ခွက်ကို ပွက်ပွက်ဆူအောင်သည်ပြီး မီးဖိုပေါ်ကချပါ။ ချပြီးပြီးချင်း စောစောက ကြိတ်ခွဲထားတဲ့ ရွှေဖရုံစေ့ကိုထည့်ပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပြီးရင် ဇကာ(သို့) ရေဆစ်နဲ့ ဆစ်ချလိုက်ပါ။ ရလာတဲ့အရည်ကို သောက်ပေးပါ။
အကျိုးရလဒ်ကောင်းတွေကို ရရှိလာစေမှာဖြစ်ပါတယ်။
Source: beextrahealthynow.net