[Unicode]

တစ်နေ့ကို ရေ အနည်းဆုံး ၈ ခွက်ခန့် သောက်သုံးရမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ရေထက် ပိုအစွမ်းထက်တာကတော့ Detox ဖျော်ရည်ပဲဖြစ်ပါတယ်။ Detox ဖျော်ရည်က ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။ ဒါတင်မကသေးပါဘူး။ စွမ်းအင်ပမာဏကိုလည်း မြှင့်တင်ပေးတာကြောင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာဖြစ်ပြီး ကိုယ်အလေးချိန်တက်မလာအောင် ထိန်းညှိပေးမယ့် အစွမ်းထက် ဖျော်ရည်တစ်မျိုးပဲြဖ်စပါတယ်။

Detox Water ဆိုတာ ဘာလဲ

Source: Shutterstock

ရိုးရိုးရေထဲကိုမှ လတ်ဆတ်တဲ့ သဘာဝသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနဲ့ ဆေးဖက်ဝက်အပင်များ ပေါင်းထည့်လိုက်ခြင်းကို Detox Water လို့ ခေါ်ရခြင်းဖြစ်ပါတယ်။

ဘယ်အသီးနဲ့ ဘယ်ဟင်းသီးဟင်းရွက်ကို ပေါင်းစပ်ရမယ်ဆိုပြီး တရားသေ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားခြင်းမရှိပါဘူး။ မိမိကြိုက်နှစ်သက်ရာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တို့ကို အသုံးပြုပြီး Detox ဖျော်ရည်အမျိုးမျိုး ပြုလုပ်ဖန်တီးကာ သောက်သုံးနိုင်ပါတယ်။

Detox ဖျော်ရည်မှာ ကယ်လိုရီပါဝင်မှု ဘယ်လောက်ထိရှိသလဲ

Source: draxe.com

သစ်သီးဝလံတွေကို အရည်ညှစ်လိုက်ခြင်း (သို့) ဖျော်စက်ထဲ ထည့်ဖျော်လိုက်ခြင်းမဟုတ်ဘဲ ရေထဲကို ပစ်ထည့်လိုက်ပြီး အသီးအရသာက သဘာဝအတိုင်း ရေထဲစိမ့်ဝင်သွားအောင် ပြုလုပ်ထားတဲ့အတွက်ကြောင့် ကယ်လိုရီ လုံးဝမပါဘူးလို့တောင် ပြောနိုင်ပါတယ်။ Detox ဖျော်ရည်ထဲမှာ လူကြိုက်အများဆုံးကတော့ သံပုယိုသီး Detox ဖျော်ရည်ပဲဖြစ်ပါတယ်။

ဘယ်သူတွေ သောက်သုံးလေ့ရှိသလဲ

Source: fee.org

ကိုယ်အလေးချိန်လျော့ချချင်သူများအနေနဲ့ သကြားစားသုံးမှုပမာဏကို မဖြစ်မနေလျော့ချရမှာပဲဖြစ်ပါတယ်။ သကြားဓာတ်ပါဝင်မှုများပြားတဲ့ ဆိုဒါအချိုရည်များ၊ ဆေးသကြားပါဝင်တဲ့ ဓာတုအချိုရည်များအစား Detox ဖျော်ရည်ကို အစားထိုးသောက်သုံးသင့်ပါတယ်။

Detox ဖျော်ရည်ပြုလုပ်ဖို့အတွက် တွဲဖက်သင့်တဲ့ သစ်သီးဝလံများ၊ ဆေးဖက်ဝင်အပင်များ

Source: dearinassociates.com

Detox ဖျော်ရည်ပြုလုပ်ဖို့အတွက် မိမိကြိုက်နှစ်သက်ရာ သစ်သီးကို အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သောက်သုံးရာမှာ အရသာရှိဖို့အတွက်ဆိုရင်တော့ အရသာဆက်ဟပ်နေအောင် ရောစပ်ဖို့လိုအပ်ပါတယ်။ အရသာကောင်းမွန်တဲ့ Detox ဖျော်ရည်အတွဲအစပ်တွေကတော့

သခွားသီးနှင့် ပင်စိမ်းရွက်

သံပုယိုသီးနှင့် ဂျင်း

ဘလက်ဘယ်ရီသီးနှင့် လိမ္မော်သီး

ဖရဲသီးနှင့် ပင်စိမ်းရွက်

လိမ္မော်သီးနှင့် သံပုယိုသီး

သံပုယိုသီးနှင့် သံပုရာသီး

စတော်ဘယ်ရီသီးနှင့် ပူစီနံရွက်

ပန်းသီးနှင့် သစ်ကြမ်းပိုးခေါက်တို့ပဲဖြစ်ပါတယ်။

Detox ဖျော်ရည်က ပေးစွမ်းတဲ့ အကျိုးကျေးဇူးများ

Source: Shutterstock

Detox ဖျော်ရည် ပုံမှန်သောက်သုံးမယ်ဆိုရင် အစာအိမ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ခန္ဓာကိုယ်တွင်းရှိ pH ပမာဏကို ညီမျှအောင် ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး စိတ်ခံစားချက်များကိုလည်း ကောင်းမွန်စေပါတယ်။ စွမ်းအင်ပမာဏကိုလည်း မြှင့်တင်ပေးပြီး ဝိတ်ကျစေခြင်း၊ အသားအရေလှပစေခြင်း စတဲ့ကောင်းကျိုးများစွာကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။

[Zawgyi]

တစ္ေန႔ကို ေရ အနည္းဆံုး ၈ ခြက္ခန္႔ ေသာက္သံုးရမယ္ဆိုတာ အားလံုးသိၿပီးသားျဖစ္ပါတယ္။ ေရထက္ ပိုအစြမ္းထက္တာကေတာ့ Detox ေဖ်ာ္ရည္ပဲျဖစ္ပါတယ္။ Detox ေဖ်ာ္ရည္က ခႏၶာကိုယ္ကို ေရဓာတ္ျဖည့္ေပးတဲ့အျပင္ ခႏၶာကိုယ္တြင္း႐ွိ အဆိပ္အေတာက္မ်ားကို ဖယ္႐ွားေပးပါတယ္။ ဒါတင္မကေသးပါဘူး။ စြမ္းအင္ပမာဏကိုလည္း ျမွင့္တင္ေပးတာေၾကာင့္ တစ္ေန႔တာလံုး လန္းဆန္းတက္ၾကြေနမွာျဖစ္ၿပီး ကိုယ္အေလးခ်ိန္တက္မလာေအာင္ ထိန္းညွိေပးမယ့္ အစြမ္းထက္ ေဖ်ာ္ရည္တစ္မ်ိဳးပဲျဖ္စပါတယ္။

Detox Water ဆိုတာ ဘာလဲ

Source: Shutterstock

႐ိုး႐ိုးေရထဲကိုမွ လတ္ဆတ္တဲ့ သဘာဝသစ္သီးမ်ား၊ ဟင္းသီးဟင္းရြက္မ်ားနဲ႔ ေဆးဖက္ဝက္အပင္မ်ား ေပါင္းထည့္လိုက္ျခင္းကို Detox Water လို႔ ေခၚရျခင္းျဖစ္ပါတယ္။

ဘယ္အသီးနဲ႔ ဘယ္ဟင္းသီးဟင္းရြက္ကို ေပါင္းစပ္ရမယ္ဆိုၿပီး တရားေသ စည္းမ်ဥ္းစည္းကမ္း သတ္မွတ္ထားျခင္းမ႐ွိပါဘူး။ မိမိႀကိဳက္ႏွစ္သက္ရာ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္းရြက္တို႔ကို အသံုးျပဳၿပီး Detox ေဖ်ာ္ရည္အမ်ိဳးမ်ိဳး ျပဳလုပ္ဖန္တီးကာ ေသာက္သံုးႏိုင္ပါတယ္။

Detox ေဖ်ာ္ရည္မွာ ကယ္လိုရီပါဝင္မႈ ဘယ္ေလာက္ထိ႐ွိသလဲ

Source: draxe.com

သစ္သီးဝလံေတြကို အရည္ညွစ္လိုက္ျခင္း (သို႔) ေဖ်ာ္စက္ထဲ ထည့္ေဖ်ာ္လိုက္ျခင္းမဟုတ္ဘဲ ေရထဲကို ပစ္ထည့္လိုက္ၿပီး အသီးအရသာက သဘာဝအတိုင္း ေရထဲစိမ့္ဝင္သြားေအာင္ ျပဳလုပ္ထားတဲ့အတြက္ေၾကာင့္ ကယ္လိုရီ လံုးဝမပါဘူးလို႔ေတာင္ ေျပာႏိုင္ပါတယ္။ Detox ေဖ်ာ္ရည္ထဲမွာ လူႀကိဳက္အမ်ားဆံုးကေတာ့ သံပုယိုသီး Detox ေဖ်ာ္ရည္ပဲျဖစ္ပါတယ္။

ဘယ္သူေတြ ေသာက္သံုးေလ့႐ွိသလဲ

Source: fee.org

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူမ်ားအေနနဲ႔ သၾကားစားသံုးမႈပမာဏကို မျဖစ္မေနေလ်ာ့ခ်ရမွာပဲျဖစ္ပါတယ္။ သၾကားဓာတ္ပါဝင္မႈမ်ားျပားတဲ့ ဆိုဒါအခ်ိဳရည္မ်ား၊ ေဆးသၾကားပါဝင္တဲ့ ဓာတုအခ်ိဳရည္မ်ားအစား Detox ေဖ်ာ္ရည္ကို အစားထိုးေသာက္သံုးသင့္ပါတယ္။

Detox ေဖ်ာ္ရည္ျပဳလုပ္ဖို႔အတြက္ တြဲဖက္သင့္တဲ့ သစ္သီးဝလံမ်ား၊ ေဆးဖက္ဝင္အပင္မ်ား

Source: dearinassociates.com

Detox ေဖ်ာ္ရည္ျပဳလုပ္ဖို႔အတြက္ မိမိႀကိဳက္ႏွစ္သက္ရာ သစ္သီးကို အသံုးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ ေသာက္သံုးရာမွာ အရသာ႐ွိဖို႔အတြက္ဆိုရင္ေတာ့ အရသာဆက္ဟပ္ေနေအာင္ ေရာစပ္ဖို႔လိုအပ္ပါတယ္။ အရသာေကာင္းမြန္တဲ့ Detox ေဖ်ာ္ရည္အတြဲအစပ္ေတြကေတာ့

သခြားသီးႏွင့္ ပင္စိမ္းရြက္

သံပုယိုသီးႏွင့္ ဂ်င္း

ဘလက္ဘယ္ရီသီးႏွင့္ လိေမၼာ္သီး

ဖရဲသီးႏွင့္ ပင္စိမ္းရြက္

လိေမၼာ္သီးႏွင့္ သံပုယိုသီး

သံပုယိုသီးႏွင့္ သံပုရာသီး

စေတာ္ဘယ္ရီသီးႏွင့္ ပူစီနံရြက္

ပန္းသီးႏွင့္ သစ္ၾကမ္းပိုးေခါက္တို႔ပဲျဖစ္ပါတယ္။

Detox ေဖ်ာ္ရည္က ေပးစြမ္းတဲ့ အက်ိဳးေက်းဇူးမ်ား

Source: Shutterstock

Detox ေဖ်ာ္ရည္ ပံုမွန္ေသာက္သံုးမယ္ဆိုရင္ အစာအိမ္က်န္းမာေရးအတြက္ အထူးေကာင္းမြန္ၿပီး ခႏၶာကိုယ္တြင္း႐ွိ pH ပမာဏကို ညီမွ်ေအာင္ ထိန္းညွိေပးမွာပဲျဖစ္ပါတယ္။ ကိုယ္ခံစြမ္းအားကို ျမွင့္တင္ေပးၿပီး စိတ္ခံစားခ်က္မ်ားကိုလည္း ေကာင္းမြန္ေစပါတယ္။ စြမ္းအင္ပမာဏကိုလည္း ျမွင့္တင္ေပးၿပီး ဝိတ္က်ေစျခင္း၊ အသားအေရလွပေစျခင္း စတဲ့ေကာင္းက်ိဳးမ်ားစြာကို ရ႐ွိခံစားႏိုင္မွာပဲျဖစ္ပါတယ္။