Diet Plan ၄ရက်ကို ကျော်ဖြတ်လာခဲ့ပြီးပြီဆိုတော့ ဗိုက်အနည်းငယ် ကျသွားတာကို သတိထားမိလာပါမယ်။ လေ့ကျင့်ခန်းကို ပုံမှန်လပ်နေမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ပါ ကျလာတာ သိသာပါလိမ့်မယ်။ ၄ရက်မြောက်နေ့မှာ အပူဝမ်း သွားတဲ့အတွက် အနည်းငယ် ပင်ပန်းနေပါလိမ့်မယ်။ ဒါပေမယ့် မနက်အိပ်ယာထတဲ့ အခါ လန်းဆန်းပေါ့ပါးနေပါလိမ့်မယ်။ ကဲ ဒါဆိုရင်တော့ ၅ရက်မြောက်နေ့ကို ဆက်ပြီး သွားကြရအောင်နော်။
၅ရက်မြောက်နေ့မှာ အဓိက စားရမှာကတော့ အသီးအနှံတွေနဲ့ ထမင်းပါ။ Menu လေးကတော့
မနက်စာ – ဂရိတ်ဖရုသီး တစ်လုံး၊ ပန်းသီးတစ်လုံး၊ လိမ္မော်သီး တစ်လုံးနဲ့ ခရမ်းချဉ်သီး ၂လုံး။ မနက်စာ မစားခင် Weight Loss
သောက်ဖို့ မမေ့ပါနဲ့နော်။
နေ့လည်စာ – ထမင်း တစ်ပန်းကန်လုံး ၊ ဒုတိယရက်နဲ့ တတိယရက်က Salad တစ်မျိုးကို ပြန်စားပါ၊ အဆီထုတ်နွားနို့ ခွက်တစ်ဝက် သောက်ပါ၊ ခရမ်းချဉ်သီး ၂လုံးစားပါ။
ညစာ – ၄ရက်မြောက်နေ့က စွပ်ပြုတ်လုပ်နည်း အတိုင်း တစ်ခွက်သောက်ပါ။ ပန်းသီးတစ်လုံးနဲ့ ခရမ်းချဉ်သီး ၂လုံး စားပါ။
ခရမ်းချဉ်သီးဟာ ဒီနေ့အတွက် အရေးပါတဲ့ အသီးအနှံတစ်ပါ။ ၆လုံးပြည့်အောင် စားပေးပြီး သွေးအားပြည့်စေနိုင်ပါတယ်။ ချယ်ရီခရမ်းချဉ်သီး မရပါဘူး။
အနည်းငယ် အလတ်အရွယ်အစားကို စားပေးပါ။ ဒီအတိုင်း မကြိုက်ဘူးဆိုရင်တော့ ကြိတ်ပြီး ဖျော်သောက်လို့ရပါတယ်။ ဆားနဲ့ သံပုရာရည်
အနည်းငယ်ထည့်ပြီး သောက်နိုင်ပါတယ်။ Readymade ခရမ်းချဉ်သီးဘူးတွေလည်း မရပါဘူး။ အသီးကိုပဲ စားပေးရမှာပါ။
၅ရက်မြောက်နေ့မှာ သောက်ရမယ့် အရည်တွေကတော့
-
- ရေ ၁၂ခွက်
- နွားနို့ 1/2 ခွက်
- Green Tea
- Weight Loss Drink (မနက်စာမစားခင်သောက်ပါ)
- ကော်ဖီ (ကော်ဖီကြမ်း အချိုရှောင်)
ဗိုက်ဆာတဲ့ အခါ အသီးတွေကို စားလို့ ရပါတယ်။ ဒါပေမယ့် အရမ်း ဗိုက်တင်းအောင် စားတာမျိုးတွေ မလုပ်သင့်ပါဘူး။ ပန်းသီးဆို တစ်လုံးလောက်ပဲ
ဗိုက်ပြည့်ပြီဆိုရင် ဆက်မစားသင့်ပါဘူး။ အချို့ဆိုရင် တစ်ခြမ်းလောက် စားရင်ကို ဗိုက်ပြည့်နေတာမျိုးတွေ ရှိပါတယ်။ ၃-၄နာရီခြားတ စ်ခါလောက်
နည်းနည်းစီ စားပေးရင်လည်း အဆင်ပြေပါတယ်။ ကိုယ်စားချင်တဲ့ အစားအစာတွေကို ရှောင်ပြီး Diet လုပ်နေတဲ့ အတွက် ပြီးပြီးရော
မလုပ်သင့်ပါဘူး။
လေ့ကျင့်ခန်းဟာလည်း အဓိကကျတဲ့ အရာပါ။ ၃-၄ ခြား တစ်ခါ စားထားတဲ့ အစားအစာတွေကို ကောင်းကောင်း ထိန်းပေးမှာက လေ့ကျင့်ခန်းပါ။
ကိုယ်လက်လှုပ်ရှားမှု နည်းတယ်ဆိုရင်တော့ တစ်ပတ်စာ အစားရှောင်ထားတာတွေဟာ ထိရောက်မှု သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်ထဲက
အဆိပ်တွေတော့ လျှော့သွားပါလိမ့်မယ်။
၅ရက်မြောက်နေ့မှာ အောင်မြင်ပြီး ၆ရက်မြောက်ကြရင်တော့ ထမင်းနဲ့ စွပ်ပြုတ်၊ အသီးအရွက်တွေ စားရပါမယ်။