ဒီ တစ်ပတ်ရဲ့ Diet Plan ဟာ အခုဆိုရင် တတိယရက်ကို ရောက်ရှိလာပါပြီ။ ၂ရက် အောင်မြင်အောင် လုပ်နိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်။
တတိယရက်ဟာ ၇ရက်ရဲ့ အရေးအကြီးနေ့ပါပဲ။ အသီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောစားရမယ့် နေ့လည်း ဖြစ်ပါတယ်။ အမျှင်ဓာတ်၊
ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှု များပြားပြီး ကယ်လိုရီ နည်းစေမယ့် အရာတွေ ဖြစ်တာကြောင့် အကောင်းဆုံး Diet နေ့ပါပဲ။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို အစီအစဉ်တကျ စားနေတာ ဖြစ်တဲ့ အတွက် ၀ိတ်ကျစေဖို့ တစ်ခုထဲ စိတ်ထဲ မှတ်မထားဘဲ
Healthy Eating ကို အကျင့်ဖြစ်အောင် စားနေတယ်လို့ မှတ်ထားကြည့်ပါ။ စိတ်ကြည်လင်လာပြီး ပေါ့ပါးလာစေပါလိမ့်မယ်။ အစားအစာတွေကို
စားချင်စိတ် ထိန်းချုပ်ပြီး အရမ်း စိတ်ကို တင်းထားမယ်ဆိုရင် ဖိအားများလာတဲ့ အတွက် မျှော်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ မသေချာနိုင်ပါဘူး။

ကဲ တတိယနေ့အတွက် စားရမယ့် Menu လေးကတော့

မနက်စာ – အသီး ၊ အချိုနည်းပြီး အရည်ရွှမ်းတဲ့ အသီးတွေကို စားပါ။ Green Tea နဲ့ ထုံးစံအတိုင်း အချိုရှောင် ကော်ဖီသောက်လို့ ရပါတယ်။ မနက်စာ မစားခင် Weight Loss Drink သောက်ဖို့ မမေ့ပါနဲ့။

နေ့လည်စာ – အသီးနဲ့ဟင်းရွက် ရောပြီး ပြုလုပ်ထားတဲ့ Salad စားပါ။ ပြုလုပ်နည်းကို အောက်မှာ ဖော်ပြပေးပါမယ်။ တကယ်လို့  Salad စားဖို့ ခက်မယ်ဆိုရင်တော့ အရွက်ပြုတ်နဲ့ အသီးတစ်မျိုးမျိုးကို စားပါ။

ညစာ –  အသီးနဲ့ဟင်းရွက် ရောပြီး ပြုလုပ်ထားတဲ့ Salad စားပါ။ အသီးတွေ စားလို့ ရပါတယ်။ ဟင်းရွက်တွေကိုလည်း အစိမ်းစားလို့ရပါတယ်။
ဥပမာ – မုန်လာဥနီ၊ သခွားသီး၊ ဆလပ်ရွက်တို့ကို စားပါ။

3
တတိယနေ့မှာတော့ အာလူး မစားရပါဘူး။ အချို၊ အဆီနဲ့ အငံတွေကို ရှောင်ပါ။ ထောပတ်နဲ့ ခရင်မ်တွေနဲ့ ဝေးဝေးနေပါ။ ထမင်းလုံးဝ မစားပါနဲ့။
Salad ထဲကို ဆီထည့်ချင်ရင်တော့ သံလွင်ဆီ အနည်းငယ် ထည့်ပါ။ အသီးဖျော်ရည်တွေ လုံးဝ မသောက်ပါနဲ့။ သောက်ချင်ရင်တော့ ဘာအချို
မှ မထည့်ဘဲ အစိမ်းအတိုင်း ကြိတ်သောက်ပါ။

သောက်ရမယ့် အရည်တွေကတော့ ပထမရက်တွေလိုပါပဲ။
– ရေ ၁၂ခွက် အနည်းဆုံး သောက်ပါ။
– Green Tea ရေနွေးနဲ့ သောက်ပါ။
– ကော်ဖီ (အချိုမပါ အကြမ်း သောက်ပါ)
– Weight Loss Drink ကို မနက်စာ မစားခင် သောက်ပါ။

day3_salad

တတိယနေ့ အတွက် Salad

ပါဝင်ပစ္စည်းများ
– လိမ္မော်သီး ၃လုံး အခွံနွှာပြီး အတုံးလေးတွေ တုံးပါ။ ဆန်းကစ်သီးလည်း ရပါတယ်။
– စပျစ်သီး အညို၊ အစိမ်းနဲ့ အနီရောင် ကြိုက်နှစ်သက်ရာ လက်ဖက်ရည်ခွက် တစ်လုံးစာကို ထက်ခြမ်း ခြမ်းထားပါ။
– စပျစ်သီးခြောက် ခွက်ရဲ့ လေးပုံတစ်ပုံ (သို့မဟုတ်) အနည်းငယ်
– မာလကာသီး အစေ့ထုတ်ပြီး တုံးထားပါ။
– သရက်သီးတစ်လုံး အခွံနွှာပြီး အတုံးလေးတွေ လှီးပါ။
– ဂရိတ်ဖရုသီး တစ်ခြမ်း
– သံပုရာရည် စားပွဲတင်ဇွန်း ၂ဇွန်း
– ပန်းသီး အနီ ၂လုံး စိမ်ထားပါ။
– ဂေါ်ဖီ အနည်းငယ်ကို လှီးထားပါ။
day3- salad

ပြုလုပ်ပုံ

ပါဝင်ပစ္စည်းတွေကို အားလုံးကို ရောပြီး ဇလုံထဲထည့်ပါ။ ရေခဲသေတ္တာထဲ ၃နာရီကြာ ထည့်ထားပါ။ တစ်နေကုန် စားလို့ ရပါတယ်။ ကျန်တဲ့
အခါမှာလည်း သိမ်းထားပြီး စားလို့ ရပါတယ်။

Salad လေးကို မစားချင်ရင်တော့ အသီးတွေကို အစိမ်းစားပါ။ ဂေါ်ဖီ အစိမ်းစားပါ။ အဓိကက ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို အစိမ်း စား
စေချင်တဲ့ အတွက် ဒီနည်းကို သုံးတာပါ။ ဒါကြောင့် မစားခင် ပိုးမွှားတွေနဲ့ မြေသြဇာရန်က ကင်းဝေအောင် ရေ သေချာ ဆေးကြောရပါမယ်။

ပြုလုပ်ရမယ့် လေ့ကျင့်ခန်း

Healthy Lifestyle ကို ပြောင်းဖို့ ကြိုးစားတဲ့ အခါ အစားအသောက်နဲ့တင် မရပါဘူး။ ကိုယ်လက်လှုပ်ရှားမှုလည်း ပါမှ ပိုပြီး ပြည့်စုံစေမှာပါ။
ဒီနေ့ လုပ်ရမယ့် လေ့ကျင့်ခန်းကတော့ ၁၅-၂၅ မိနစ်စာ လမ်းမြန်မြန်လျှောက်ပေးပါ။ ဖော်ပြပါ လေ့ကျင့်ခန်းကို ၅-၁၀ မိနစ်စာ လုပ်ပေးပါ။

original


အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုနဲ့ ကိုယ်အလေးချိန်

အိပ်စက်ခြင်းကို ပုံမှန် မလုပ်ရင်တော့ အစားအစာထိန်းချုပ်ထားသမျှနဲ့ လေ့ကျင့်ခန်း လုပ်ထားသမျှဟာ အလကားပါပဲလို့ ပြောရပါမယ်။ ကောင်းမွန်စွာ
အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန် လျှော့ချဖို့ အတွက် အသက်သာဆုံးနည်းပါပဲ။ နောက်တစ်ခုကတော့ စိတ်ဖိစီးမှုပါ။ စိတ်ကို အရမ်းတင်းပြီး
ဒီအစီအစဉ်ကို လုပ်နေတဲ့ အခါ စိတ်ဖိစီးမှုတွေ များလာနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး ဖြစ်အောင် စိတ်ကို အတတ်နိုင်ဆုံး ထားပါ။ အခြား စိတ်ဖိစီး
မှုတွေကိုလည်း အဖြေရှာပါ။ မလိုအပ်တဲ့ သောကတွေ အတွက် စိတ်ကို အလေးမခံပါနဲ့။ စိတ်ဖိစီးမှု များခြင်းနဲ့ ကောင်းကောင်း မအိပ်ခြင်းဟာ
ကိုယ်အလေးချိန် တက်စေတဲ့ အချက်တစ်ချက်ပါပဲ။

ကဲ..တတိယနေ့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး ကျန်းမာလှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

စတုတ္ထနေ့ ဆက်ရန် >>>>>>

Review – https://myfoodmyanmar.com/diet-plan-review/
ပထမနေ့ – https://myfoodmyanmar.com/diet-plan-1st-day/
ဒုတိယနေ့ – https://myfoodmyanmar.com/diet-plan-2nd-day/