လှပပြီးကြည်လင်တဲ့ အသားအရေဆိုတာ လူတိုင်းလိုချင်ကြတာပါပဲ။ မိန်းကလေးတော်တော်များများက အသားအရေလှပဖို့ဆိုရင် အစားစာတွေကို မေ့ထားပြီးအလှကုန်ပစ္စည်းတွေ၊ Spa တွေကိုပဲ အားကိုးနေတတ်ကြပါတယ်။ ပိုက်ဆံကုန်လည်းသက်သာပြီး ကျန်းမာရေးအတွက်လည်း ကောင်းစေမယ်၊ သဘာဝတိုင်းလှပတဲ့ အသားအရေမျိုးကိုရရှိပိုင်ဆိုင်ဖို့ဆိုရင် ဒီအစားစာတွေကိုတော့ မေ့မထားသင့်တော့ပါဘူး။

ပျိုမေတို့နေ့စဉ်စားနေတဲ့ အစားစာတွေထဲမှာ ဒီအရာတွေကိုမပါမဖြစ် ထည့်ပြီးစားသုံးပေးမယ်ဆိုရင် အကျိုးကျေးဇူးတွေလည်း အများကြီးရှိနေမှာပါနော်။

ဆော်လမွန်ငါး

ဆော်လမွန်ငါးက အသားအရေလှပဖို့အတွက် ကူညီနိုင်တဲ့နေရာမှာနံပါတ်တစ်နေရာမှာရှိနေပါတယ်။ ဆော်လမွန်ငါးမှာပါဝင်နေတဲ့ ကော်လဂျင်ဓာတ်တွေက အသားအရေကိုကြည်လင်လာစေဖို့ အထောက်အကူပြုနေတာကြောင့် တစ်ပတ်မှာတစ်ကြိမ်လောက်တော့ ပုံမှန်စားပေးသင့်ပါတယ်။

လိမ္မော်ရောင်ရှိတဲ့အသီးအနှံ

Photo Source: Green Blender

လိမ္မော်ရောင်ရှိတဲ့အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုစားသုံးပေးမယ်ဆိုရင် ဗီတာမင်အေနဲ့ တခြားသောအသားအရေအတွက် လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို အပြည့်အအဝရရှိစေနိုင်တာကြောင့် အသားအရေကိုလှပလာစေဖို့ အထောက်အကူပြုနေမှာပါ။

ပဲများများစားပေးပါ

Photo Source: Everwhite

ပဲများများစားပေးတာက အသားအရေအတွက် အထောက်အကူပြုပါတယ်။ ပဲတွေမှာပါဝင်နေတဲ့ ပရိုတင်းဓာတ်နဲ့၊ အန်တီအောက်စီးဒန့်ဓာတ်တွေက အသားအရေကိုကြည်လင်ပြီး တောက်ပစေဖို့ အထောက်အကူပြုပါတယ်။

ခရမ်းချဉ်သီး

Photo Source: The Spruce

ခရမ်းချဉ်သီးတစ်လုံးကို တစ်နေ့တစ်လုံးပုံမှန်စားပေးမယ်ဆိုရင်တော့ အသားအရေကိုစိုပြေပြီး လှပလာစေမှာအသေချာပါပဲ။ ခရမ်းချဉ်သီးတစ်ခုထဲကိုပဲ စားပေးဖို့ကနည်းနည်းတော့ခက်ခဲတော့ တစ်ခြားတစ်ခုခုနဲ့တွဲဖက်ပြီး စားတာမျိုးတွေဆိုရင် အဆင်ပြေစေမှာပါ။

သံလွင်ဆီ

Photo Source: Better Home

သံလွင်ဆီကို ဟင်းချက်တဲ့နေရာနဲ့ စားသောက်တဲ့အခါတွေမှာ သုံးတဲ့စားအုန်းဆီတွေ၊ ပဲဆီတွေအစား အသုံးပြုပေးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့လည်း သင့်တော်ပြီး အသားအရေကိုလည်း လှပလာစေဖို့ ကူညီပေးနေမှာပဲဖြစ်ပါတယ်။

ဒါတွေကတော့ အစားစာတွေကိုစားရင်းနဲ့ပဲ အသားအရေလှပအောင် ထိန်းသိမ်းသွားလို့ရမယ့် နည်းလမ်းကောင်းလေးတွေဖြစ်တာကြောင့် ပျိုမေတို့အနေနဲ့ အလှကုန်ပစ္စည်းတွေကိုပဲ အားကိုးမနေပဲ အစားအသောက်နဲ့ပဲ ထိန်းသိမ်းလို့ရပြီပေါ့။