သင်္ဘောသီးရဲ့ အကျိုးကျေးဇူးတွေကို လူအများသိကြပေမယ့် သင်္ဘောရွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုတော့ သိပ်ပြီးမသိကြပါဘူး။ သင်္ဘောရွက်မှာ ကျန်းမာရေးကိုကောင်းမွန်စေပြီး ကင်ဆာနဲ့ သွေးလွန်တုပ်ကွေးအပါအဝင် ရောဂါများစွာကို ကုသပေးနိုင်ပါတယ်။

လေ့လာမှုတွေအရ သင်္ဘောရွက်မှာ Phytonutrients ဓါတ်တွေ ပါဝင်လို့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

papaya-leaves-juice

သွေးဥမွှာ (Platelet) ထုတ်လုပ်မှု

သွေးတွင်း သွေးဥမွှာပါဝင်မှုနှုန်းကို မြင့်မားစေတာကြောင့် ဆိုးရွားလှတဲ့ ရောဂါတွေကနေ ကုသပေးနိုင်ပါတယ်။

အသည်း

သင်္ဘောရွက်ဟာ အသည်းရောင်အသားဝါ ၊ အသည်းခြောက်ခြင်း နဲ့ အသည်းကင်ဆာ စတဲ့ရောဂါတွေကို ကုသပေးနိုင်ပါတယ်။

ရောဂါများကို ကာကွယ်ပေးခြင်း

သင်္ဘောရွက်ဟာ Acetogenin လို့ခေါ်တဲ့ ကွန်ပေါင်းပါဝင်တာကြောင့် သွေးလွန်တုပ်ကွေး ၊ ငှက်ဖျားနဲ့ ကင်ဆာဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် ဗိုင်ရပ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်နိုင်ပါတယ်။

ဒါ့အပြင် သဘောၤရွက်မှာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျော့နည်းစေပြီး ရောင်းရမ်းမှုကို သက်သာပျောက်ကင်းစေသလို တခြားကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ အများအပြားရှိနေတာပါ။

သင်္ဘောရွက်ဖျော်ရည်ကို အိမ်မှာ အလွယ်တကူပြုလုပ်မယ်

img_1377

သင်္ဘောရွက်လက်တစ်ဆုပ်စာကို ကြိတ်စက် (သို့) ဖျော်စ်ထဲထည့်ပြီး ကြိတ်ပေးပါ။ အဲဒီနောက် ပုလင်းသေးသေးလေးထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၅ ရက်လောက်ထားပါ။ အရသာကောင်းမွန်စေဖို့ သစ်သီးဖျော်ရည်တစ်ခုခု ရောထည့်နိုင်ပါတယ်။ အရသာက ခါးမှာဖြစ်လို့ အနည်းငယ်ပဲသောက်ပေးပါ။

သင်္ဘောရွက်လက်ဖက်ရည်

heres-how-to-significantly-increase-your-blood-platelet-count-with-papaya-leaf-juice

သင်္ဘောရွက် ၁၀ ရွက်ကို ရေ ၂ ခွက်ထည့်ပြီး ဆူအောင်သယ်ပေးပါ။ ရေကို တစ်ဝက်လောက်ခမ်းအောင်ထားပြီး အအေးခံထားပါ။ အဲဒီနောက် ရေစစ်ပြီး သောက်ပေးပါ။