Spirulina က ကျန်းမာရေးအတွက် အရမ်းကိုကောင်းတဲ့ အရာတစ်မျိုးဆိုတာကိုတော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ ဒါဆိုရင် Spirulina ကို နေ့တိုင်းစားပေးခြင်းကြောင့် အဓိကရရှိလာမယ့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေက ဘာတွေများဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်။

Spirulina ကို နေ့တိုင်းစားပေးခြင်းကြောင့် ကိုယ်ခံအားကောင်းပြီး တော်ရုံတန်ရုံ ဖျားနာတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Spirulina ကို နေ့တိုင်းစားပေးခြင်းက ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေလို့ ကင်ဆာရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Spirulina ကို နေ့တိုင်းစားပေးရင် တော်ရုံတန်ရုံ အလက်ဂျစ်ဖြစ်တာမျိုးတွေမှလည်း ကာကွယ်ပေးပါတယ်။

Spirulina ကို နေ့တိုင်းစားပေးတာ အချိန်ကြာလာတာနဲ့အမျှ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။

Spirulina ကို နေ့တိုင်းစားပေးရင် ကြွက်သားတွေ သန်မာပြီး အားကောင်းလာစေပါတယ်။ ဒါကြောင့် အားကစားသမားတွေဆို ပိုပြီးတော့ မှီဝဲသင့်ပါတယ်။

Source: www.hhdresearch.org