ညဘက်အိပ်တဲ့အခါ ဟောက်တာက ဟောက်တဲ့သူအတွက်ရော တခြားသူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ ခရီးထွက်တဲ့အခါမှာဆိုရင် ကိုယ့်ကို စမှာစိုးလို့ ကောင်းကောင်းတောင် အိပ်ပျော်မှာမဟုတ်ပါဘူး။
ဒါကြောင့် ဟောက်တာသက်သာပျောက်ကင်းစေတဲ့ အစားအစာလေးတွေကို ဝေမျှချင်ပါတယ်။
ကြက်သွန်ဖြူ
ဂျင်းမှာက Sulfurous ဓာတ်တွေပါဝင်တာကြောင့် အသက်ရှူလမ်းကြောင်း ကျဉ်းတာတွေ ပိတ်တာတွေကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းပိုးဝင်တာကိုလည်း ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူကို အစိမ်းစားရင် လည်ပင်းအတွင်း ရောင်ရမ်းတာတွေကို သက်သာစေပြီး အိပ်နေချိန်မှာ အသက်ရှူလမ်းကြောင်း ကျဉ်းမှုကြောင့် ဖြစ်လာတဲ့ ဟောက်သံတွေကိုလည်း လျော့ချပေးပါတယ်။
သံလွင်ဆီ
သံလွင်ဆီကတော့ လူသားတွေအသုံးပြုတဲ့ ဆီတွေထဲမှာ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။
Fatty အက်ဆစ်တွေ အများကြီးပါဝင်ပြီး ရောင်ရမ်းတာတွေကို လျော့ကျစေတဲ့ ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါကြောင့် ကောင်းကောာင်းအိပ်ပျော်အောင်ကူညီပေးတဲ့အပြင် အသက်ရှူလမ်းကြောင်း ပိတ်တာ၊ ကျဉ်းတာတို့ကို ကာကွယ်ပေးတာကြောင့် ဟောက်သံတွေလည်း ထွက်လာတော့မှာမဟုတ်ပါဘူး။
Almonds စေ့
Almonds စေ့ တွေက ဟောက်တာတွေကို ဖြေရှင်းပေးမယ့် အစားအစာဖြစ်ပါတယ်။ သူ့မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒီဓာတ်တွေက လည်ပင်းထဲက တစ်ရှူးတွေကို အားကောင်းအောင် လုပ်ဆောင်ပေးနိုင်တာကြောင့် ဟောက်သံတွေမထွက်အောင် ကူညီပေးပါတယ်။