အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်ဥ ထမင်းကြော် ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ကြက်ဥရယ်၊ ကြက်သွန်မြိတ်လေးရယ်နဲ့ ထမင်းကိုရောပြီးကြော်စားကြည့်တဲ့အခါ တမူထူးခြားတဲ့ အရသာနဲ့ခံတွင်းတွေ့တဲ့ ထမင်းကြော်ကို ရရှိစေမှာပါနော်။
ပါဝင်ပစ္စည်း
- ထမင်း ၂ ခွက်
- ကြက်ဥ ၂ လုံး
- ကြက်သွန်မြိတ် ၂ ပင်၊ ၃ ပင်ခန့်
- ပုဇွန် (ကြိုက်ရင်ထည့်ပါ)
- ဆီ
- ပဲငံပြာရည်
- ဆားနဲ့ ငရုတ်ကောင်းမှုန့်
- နှမ်းစေ့
ပြုလုပ်နည်း
အရင်ဆုံး ကြက်သွန်မြိတ်ကို တောက်တောက်စဉ်းလိုက်ပါ။
ကြက်ဥကို ခလောက်ပြီးသေချာမွှေလိုက်ပါ။
ကြက်သွန်မြိတ်ကို ဆီသတ်လိုက်ပြီး ကြက်ဥထည့်ကြော်လိုက်ပါ။
ပြီးရင်ကြက်ဥကို ခဏဖယ်ထားလိုက်ပါ။
ကျန်တဲ့ကြက်သွန်မြိတ်ကိုဆီသတ်ပြီး ပဲငံပြာရည်ထည့်ပါ။ ပုဇွန်ကြိုက်ရင် ပုဇွန်ကို ထည့်ကြော်လိုက်ပါ။
ထမင်းထည့်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။ သေချာလေး ကြော်ပေးပြီး ကြက်ဥထည့်လိုက်ပါ။
ပြီးရင်တော့ အပေါ်ကနေ နှမ်းလေးဖြူးပြီး မွှေးမွှေးလေးနဲ့ ပူပူလေး သုံးဆောင်နိုင်ပါပြီနော်။
Source: www.koreanbapsang.com
By: MyFood Myanmar